SJ WorldNews - шаблон joomla Авто

ကော့သောင်းမှ ရနောင်းသို့သွားသည့် FOB ငါးလုပ်ငန်း ငါးသယ်ရေယာဉ်များမှ ရေလုပ်သားများကို ကျန်းမာရေး စစ်ဆေး

Wednesday, 25 March 2020 09:23 font size decrease font size decrease font size increase font size increase font size

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်း ခရိုင်အတွင်း COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကော့သောင်းမှ ရနောင်းသို့သွားသည့် FOB ငါးလုပ်ငန်း ငါးသယ်ရေယာဉ်များတွင် လိုက်ပါမည့် ရေလုပ်သားများကို   ငါးလုပ်ငန်းဦးစီး ဌာနမှ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့်   အပူချိန်တိုင်းတာခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည့်အပြင် ပြန်လည် ဝင်ရောက်လာသည့် ရေယာဉ်များတွင် လူပိုမပါရှိစေရေးနှင့် အပူချိန်တိုင်းတာခြင်းတို့  ဆောင်ရွက်လျက်ရှိကြောင်း ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်၏ ပြောကြားချက်အရ သိရသည်။

''သွင်းကုန်ထုတ်ကုန်စာရွက်စာတမ်းပါ တဲ့လှေတွေပဲသွားခွင့်ပြုတယ်။ ရနောင်းကို သွားတဲ့ငါးသယ်လှေတွေကို အပူချိန်တိုင်းတာနဲ့ လက်အိတ်ဝတ်၊ မဝတ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာထားတဲ့အတိုင်း  နေ့စဉ်အဝင်အထွက်  ငါးသယ်လှေတွေကို ကျန်းမာရေး စစ်ဆေးနေပါတယ်'' ဟု ဦးသန့်ဇင်က ပြောသည်။

ထိုင်းနိုင်ငံ ရနောင်းခရိုင်၏ မတ် ၂ဝ ရက် ကြေညာချက်အရ စဖန်ဖလားဆိပ်မှ လွဲ၍ နယ်စပ်တစ်လျှောက်ရှိ အကောက် အခွန်ဌာနဆိပ်၊ မီးပြတံတားဆိပ်၊  Grand Andaman  ဟိုတယ်ဖြတ်သန်းရေးဂိတ်၊ လာ့အူမြို့ ဘန်ကဲရပ်အုပ်စု ၄ ခေါင်ဖာချီရွာမှ ယာယီဖြတ်သန်းရေးဂိတ် (ကီလို ၃ဝ ဂိတ်)တို့ အပါအဝင် ခရိုင်နယ်စပ်မျဉ်းတစ်လျှောက် ဖြတ်သန်းခွင့် ယာယီဆိုင်းငံ့ထား သော်လည်း မတ် ၂၂ ရက်ကြေညာချက် ၆၁၁/၂၅၆၃ တွင် မူလကတည်းက တရားဝင်ခွင့်ပြုမိန့်ကိုင်ဆောင်ကာ ဖြတ်သန်းနေသော သွင်းကုန်ထုတ်ကုန် ကုန်စည်သယ်ရေယာဉ်များကိုသာ  ခွင့်ပြုကြောင်းနှင့်      ယာဉ်ပေါ်လိုက်ပါသူများသည်  COVID-19 ရောဂါကူးစက်မှု ကာကွယ်ရေးအတွက် ကျန်းမာရေး စစ်ဆေးမှု ခံယူပြီးမှသာ  ဖြတ်သန်းခွင့်ရှိကြောင်း  ဖော်ပြထားသည်။                  

ဆုလာဘ်

Read 69 times Last modified on Wednesday, 25 March 2020 09:24