SJ WorldNews - шаблон joomla Авто

ရန်ကုန်မြို့ရှိ တက္ကသိုလ်အသီးသီး၌ ဖြေဆိုနေကြသည့် စာမေးပွဲများဆိုင်းငံ့

Wednesday, 25 March 2020 10:01 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ လူမှုရေး

ရန်ကုန်မြို့ရှိ တက္ကသိုလ်အသီးသီး၌ ဖြေဆိုနေကြသော စာမေးပွဲများကို မတ်၂၄ ရက်မှစတင် ကာ ဆက်လက်ဖြေဆိုခွင့်မပြုတော့ဘဲ ဆိုင်းငံ့လိုက်ကြောင်း ရန်ကုန်မြို့ရှိ တက္ကသိုလ် အသီးသီး၏ ထုတ်ပြန်ချက်အရ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ မတ် ၂၃ ရက် ည ၁၁ နာရီ ၄၅ မိနစ်တွင် ထုတ်ပြန် ချက်အရ COVID-19 ရောဂါ Positive လူနာနှစ်ဦးတွေ့ ရှိခြင်းကြောင့် ရန်ကုန်မြို့ရှိ  တက္ကသိုလ် အသီးသီး၌ လက်ရှိဖြေဆိုနေသော ပထမနှစ်ဝက် စာမေးပွဲများကို ဆိုင်းငံ့လိုက် သည်။

ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်ပညာရေး တက္ကသိုလ်တို့၌လည်း   ဆိုင်းငံ့လိုက်ပြီး နည်းပညာ တက္ကသိုလ်(မှော်ဘီ)နှင့် (သန်လျင်)တို့တွင် မတ် ၁၉ ရက်မှ ဧပြီ ၁ ရက်အထိ ဖြေဆိုရသော စာမေးပွဲများကိုလည်း မတ် ၂၄  ရက်မှ စတင်ဆိုင်းငံ့ လိုက်သည်။

ထို့ပြင် ရန်ကုန်တက္ကသိုလ်မှ အဆောင် နေကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့ စွာ နေရပ်ပြန်နိုင်ရန်လည်း တာဝန်ရှိသူများ ဆွေးနွေးနေကြောင်း သိရသည်။

ထက်ခိုင်(စမ်းချောင်း)

Read 17 times Last modified on Wednesday, 25 March 2020 10:02