SJ WorldNews - шаблон joomla Авто

ကလေးမြို့အား Lockdown ဧရိယာအဖြစ် သတ်မှတ်ကာ ဂိတ်များကိုပိတ်ထား

Wednesday, 25 March 2020 10:13 font size decrease font size decrease font size increase font size increase font size

ကလေး၊ ကျန်းမာရေး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အား မတ် ၂၄ ရက်နံနက်ပိုင်းမှ စတင်ပြီး Lockdown ဧရိယာအဖြစ် သတ်မှတ်ကာ အဝင်/အထွက် ဂိတ်အားလုံးကို ပိတ်ထားပြီဖြစ်ကြောင်း ကလေး မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးညီညီထံမှ သိရသည်။

ကလေးမြို့သည် ချင်းပြည်နယ်သို့လည်းကောင်း၊ ချင်းတွင်းအထက်ပိုင်း ဒေသများသို့ လည်းကောင်း ဆက်သွယ်သွားလာနိုင်သည့်အပြင် အိန္ဒိယနိုင်ငံ မိုးရေးမြို့တို့ကို အဓိကဆက် သွယ်ထားသည့်မြို့တစ်မြို့ဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန် ချက်အရ ချင်းပြည်နယ် တီးတိန်မြို့တွင် ကိုရိုနာဗိုင်းရပ်ရောဂါ ဖြစ်ပွားသူလူနာတစ်ဦး စတင် တွေ့ရှိရသည့်အပြင် ကလေးမြို့၌လည်း သံသယလူနာနှစ်ဦးရှိခြင်းကြောင့် ပြန့်ပွားမှုများမဖြစ် ပေါ် စေရေး Lockdown ဧရိယာအဖြစ်သတ်မှတ်ကာ အဝင်/အထွက်ဂိတ်များကို ပိတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

''ချင်းပြည်နယ်နဲ့ကလေးမြို့ရဲ့အဓိကဂိတ်တွေ၊ ကလေးဝဘက်က ဂိတ်တွေ၊ ဂန့်ဂေါမြို့ဘက် ကလာတဲ့ အဝင်/အထွက် ဂိတ်တွေကို ဒီနေ့ နံနက်ပိုင်းကစပြီး အထက်ဌာနရဲ့ ညွှန်ကြားချက် နဲ့ လုံးဝအဝင်/အထွက် မပြုလုပ်ဖို့အတွက် ပိတ်ထားပါတယ်''ဟု ကလေးမြို့နယ် အုပ်ချုပ်ရေး မှူးကပြောသည်။

ကိုရိုနာဗိုင်းရပ်ရောဂါနှင့် ပတ်သက်ပြီး ကလေးမြို့၌ အဝင်/အထွက်ဂိတ်များ၊ ဆေးရုံအခြေပြု၊  ပြည်သူလူထု အခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်းနှင့် ယခုလက်ရှိ အချိန်တွင် သံသယရှိလူနာနှစ်ဦးအား ကလေးမြို့ပြည်သူ့ဆေးရုံကြီး၌ အထူးခန်း ဖြင့် စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး ဓာတ်ခွဲခန်းနမူနာများပို့ဆောင်ကာ ရောဂါပိုးရှိ/မရှိ စစ်ဆေး လျက်ရှိကြောင်း သိရသည်။             

(၆၁၁)

Read 23 times Last modified on Wednesday, 25 March 2020 10:14