SJ WorldNews - шаблон joomla Авто

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေများ လာရောက်လှူဒါန်း

Thursday, 26 March 2020 08:17 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၂၅

Coronavirus  Disease  2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ မြန်မာ့ရိုးရာ သနပ်ဖက်လိပ် လုပ်ငန်းရှင်များ အသင်းမှ လှူဒါန်းသည့် ငွေကျပ်သိန်း ၃၅ဝ နှင့် မန်းအောင်ငြိမ်း ဖောင်ဒေးရှင်းမှ လှူဒါန်းသည့် ငွေကျပ်သိန်း ၅ဝ တို့ကို ယနေ့မွန်းလွဲပိုင်းတွင် လာရောက် လှူဒါန်းရာ Co-ronavirus  Disease  2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး(၂) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ လက်ခံသည်။

ရှေးဦးစွာ အလှူရှင်များက လှူဒါန်းရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ ပြောကြားရာတွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19  ဖြစ်ပွားမှုနောက်ဆုံး အခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူလူထုသို့ အစီရင်ခံ တင်ပြသည့် မိန့်ခွန်းကို နားထောင်ပြီးနောက် မိမိတို့အနေဖြင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် လိုအပ်သလို သုံးစွဲနိုင်ရန် လာရောက် လှူဒါန်းခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လှူဒါန်းငွေများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။

Read 54 times Last modified on Thursday, 26 March 2020 08:19