SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်သက်ရောက်နေသည့် အခက်အခဲ အကျပ်အတည်းများအပေါ် ဖြေရှင်း ဆောင်ရွက်မည့် နည်းလမ်းများကို ဆွေးနွေး အဖြေရှာနိုင်ရေး သုံးပွင့်ဆိုင် အစည်းအဝေး ကျင်းပ

Thursday, 26 March 2020 08:30 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၂၅

ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားနေသော COVID-19 ရောဂါရိုက်ခတ်မှုကြောင့် ဖြစ်ပေါ် သက်ရောက်နေသည့် အခက်အခဲ အကျပ်အတည်းများအပေါ် ဖြေရှင်း ဆောင်ရွက်မည့် နည်းလမ်းများကို ဆွေးနွေး အဖြေရှာနိုင်ရေး အတွက် သုံးပွင့်ဆိုင် အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် အတူ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အလုပ်သမား ကိုယ်စားလှယ်များနှင့် အလုပ်ရှင် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယနေ့ကျင်းပသည့် အစည်းအဝေးသည် ကမ္ဘာတစ်ဝန်း၌ ဖြစ်ပွားလျက်ရှိသည့်   COVID-19 ရောဂါရိုက်ခတ်မှုကြောင့်   ဖြစ်ပေါ်သက်ရောက်နေသည့် အခက်အခဲ၊  အကျပ် အတည်းများ အပေါ် ဖြေရှင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေး အဖြေရှာနိုင်ရေးအတွက် ကျင်းပခြင်းဖြစ်ကြောင်း။

COVID-19 ရောဂါကြောင့် ကုန်ကြမ်းပြတ်လပ်ခြင်း၊ အမှာစာ မရရှိခြင်း၊ အရှုံးပေါ်ခြင်းနှင့် အခြားအကြောင်းရင်းတို့ကြောင့် စက်ရုံ၊ အလုပ်ရုံများ အပြီးပိတ်သိမ်းခြင်း/ ယာယီပိတ်သိမ်းခြင်း/ အင်အားလျှော့ချခြင်းများ၊ အလုပ်ရှင်/အလုပ်သမား အငြင်းပွားမှုများ၊ အလုပ်သမား ဆန္ဒပြမှုများ၊ အလုပ်လက်မဲ့ ပြဿနာများ ဖြစ်ပေါ်လာနိုင်ခြင်း၊ ပြည်ပနိုင်ငံများသို့ အလုပ်သမား စေလွှတ်မှု လုပ်ငန်းစဉ်များ ယာယီရပ်ဆိုင်းခြင်းတို့ကြောင့် ဖြစ်ပေါ်လာနိုင်မည့် အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းဆောင်ရွက် ပေးနိုင်ရန်အတွက် ဦးစီးဌာနများ အလိုက် လုပ်ငန်းအစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း။

လုပ်ငန်းရှင်များအနေဖြင့်လည်း ကြုံတွေ့နေရသည့် အခက်အခဲ အကျပ်အတည်းများနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီး မြှုပ်နှံလုပ်ကိုင်ကြသည့် နိုင်ငံခြားသားပိုင် စက်ရုံ၊ အလုပ်ရုံများ၊ CMP  စနစ်ဖြင့် လုပ်ကိုင်သည့်   စက်ရုံ၊   အလုပ်ရုံများ၊ COVID-19 ရောဂါနှင့် ဆက်စပ်၍သော် လည်းကောင်း၊ အခြားကုန်ကြမ်း ပြတ်တောက်မှုနှင့် အခြားသော အကြောင်းတစ်ခုခုကြောင့်သော် လည်းကောင်း၊ စက်ရုံ၊ အလုပ်ရုံများ ပိတ် သိမ်းခြင်း၊  လုပ်သားအင်အား လျှော့ချခြင်းများ ရှိသကဲ့သို့  ယခု  COVID-19 ရောဂါဖြစ်ပွားခဲ့သည့်  ၂ဝ၂ဝ  ပြည့်နှစ် နှစ်ဆန်းပိုင်းမှစပြီး စက်ရုံ၊ အလုပ်ရုံအသစ်များ ထပ်မံဖွင့်လှစ်လျက် ရှိသည်ကိုလည်း စိစစ်တွေ့ရှိရကြောင်း။

ထို့ပြင် စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများကလည်း အလုပ်ဆက်လက် လုပ်ကိုင်လိုကြပြီး အလုပ်ရှင်များကလည်း အလုပ်သမား လျှော့ချခြင်း၊ ပိတ်သိမ်းခြင်း မပြုလုပ်လိုကြကြောင်း သိရှိရပြီး ၎င်းအခြေအနေကို ဆက်လက် ထိန်းသိမ်းနိုင်ရေး ဆက်လက် လုပ်ဆောင်သွားရန် လိုကြောင်း၊ လတ်တလောတွင် အလုပ်သမားများ၏ ပုံမှန် အလုပ်အကိုင် အခွင့်အလမ်းများ စီးဆင်းမှုများ ပြတ်တောက်သွားမှု မရှိနိုင်သေးသည်ကို တွေ့ရှိရကြောင်း၊ အလုပ်သမားများ၏ အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖော်ဆောင်ပေးနိုင်ရေး အတွက် ဝန်ကြီးဌာနအနေဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ယခုအချိန်တွင် အခွင့်အရေးများ၊ အခွင့်အလမ်းများနှင့် ပတ်သက်၍ အငြင်းပွားမနေဘဲ လုပ်ငန်းခွင်များ ပုံမှန်လည်ပတ်ရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ တည်တံ့နေစေရေးတို့ကို ပိုမိုအလေးထား သုံးသပ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အလုပ်ရှင်၊ အလုပ်သမား ကျောချင်းကပ်ပြီး ကြုံတွေ့လာမည့် ပြဿနာများ၊ အခက်အခဲများ၊ စိန်ခေါ်မှုများကို မည်ကဲ့သို့ ဖြေရှင်းကျော်လွှား ကြမည်ဆိုသည်ကို ရင်းနှီးပွင့်လင်းသည့် ဆွေးနွေး အဖြေရှာမှုများအား အမြန်ဆုံး ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားလိုကြောင်း။

နိုင်ငံတော်အနေနှင့် အထည်ချုပ်လုပ်ငန်းများ အပါအဝင် ဟိုတယ်ခရီးလုပ်ငန်း၊ အသေးစား စက်မှုလက်မှု လုပ်ငန်းများအတွက် ငွေကျပ်ဘီလီယံ ၁ဝဝ ကို သက်သာသောနှုန်းထားဖြင့် အလုပ်သမားများ၊ လုပ်ငန်းရှင်များ အတွက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ စက်ရုံအလုပ်ရုံများတွင် COVID-19 ရောဂါ အသိပညာပေးမှုများကို ဝန်ကြီးဌာန၊ အလုပ်သမား၊ အလုပ်ရှင်များ ပူးပေါင်းလုပ်ဆောင်လျက်ရှိရာ ဆက်လက်၍ အရှိန်အဟုန်မြှင့်လုပ်ဆောင်သွားရန် လိုကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အလုပ်သမား၊ အလုပ်ရှင် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက COVID-19 ရောဂါရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်သက်ရောက်နေသည့် ရင်ဆိုင်နေရသည့် အခက်အခဲ၊ အကျပ်အတည်းများအပေါ် ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများအား ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

Read 16 times Last modified on Thursday, 26 March 2020 08:31