SJ WorldNews - шаблон joomla Авто

နေပြည်တော် ကောင်စီနယ်မြေရှိ ဈေးကြီးများ ပုံမှန်ရောင်းချလျက်ရှိ

Thursday, 26 March 2020 08:45 font size decrease font size decrease font size increase font size increase font size

နေပြည်တော်ကောင်စီနယ်မြေ မြို့နယ်အားလုံးရှိ ဈေးကြီးများတွင် ဈေးများကို ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ဈေးဝယ်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်ရောဂါ တွေ့ရှိမှုကြောင့် အချို့လူများသည် ၎င်းရောဂါ ကူးစက်မည်ကို စိုးရွံ့သောကြောင့် ကြောက်လန့်၍ စားသောက်ကုန် ပစ္စည်းများအား သာမန်ထက် ပိုမိုဝယ်ယူမှုရှိနေခြင်းကြောင့် ကုန်ပစ္စည်းများ ပြတ်လပ်ပြီး ဈေးနှုန်းများ ပိုမိုကြီးထွားလာနိုင်သောကြောင့် သာမန်လက်လုပ် လက်စားများ အနေဖြင့် ပူပန်စိုးရိမ်မှုဖြစ်နေကြောင်း ရွာတော်မင်္ဂလာဈေးကြီး၌ ဈေးလာရောက် ဝယ်ယူသူတစ်ဦးက ပြောသည်။

နေပြည်တော်ရှိ      မြို့မဈေးကြီးတွင်လည်း  တာဝန်ရှိသူများက ဈေးသူဈေးသားများနှင့်  ဈေးဝယ်သူများအား ကျန်းမာရေး အသိပေးစာစောင်များ ဝေငှပေးလျက်ရှိသည်။

ယခုအချိန်တွင် မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်သော တရားဝင် Website များ၊ နိုင်ငံပိုင် သတင်းမီဒီယာများနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ထုတ်ပြန်သော ထုတ်ပြန် ချက်များကိုသာ အလေးထား လိုက်နာရန် လိုအပ်ကြောင်း  သိရသည်။

Read 16 times Last modified on Thursday, 26 March 2020 08:46