SJ WorldNews - шаблон joomla Авто

ရွှေတိဂုံစေတီတော်သို့ လာရောက် ဖူးမြော်ကြသည့် ဘုရားဖူးများအတွက် ဘုရားဖူးချိန်သတ်မှတ်

Thursday, 26 March 2020 10:37 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ လူမှုရေး

ရန်ကုန်မြို့ရှိ   ရွှေတိဂုံ စေတီတော်သို့ လာရောက်ဖူးမြော်ကြသောဘုရားဖူးများ COVID- 19 ရောဂါကာကွယ်သည့် အနေ ဖြင့် မတ် ၂၅ ရက်မှစ၍ ဘုရားဖူးချိန်ကို နံနက်    နာရီမှ  ညနေ    နာရီအထိ သတ်မှတ်ထားပြီး စောင်းတန်း များရှိ ဓာတ် လှေကားများကိုလည်း ရပ်နားခဲ့ကြောင်း သိရသည်။

““ရွှေတိဂုံစေတီတော်ကို   လာရောက် ဖူးမြော်ကြတဲ့     ဘုရားဖူးတွေအတွက် COVID- 19 ရောဂါဖြစ်ပွားခြင်းမရှိစေဖို့ ကာကွယ်တဲ့ အနေနဲ့ရော  ဘုရားဖူးတွေ    အေးချမ်းစွာ ဘုရားဖူးမြော်နိုင်ဖို့ အတွက်ပါ  ရည်ရွယ်ပြီး ဒီနေ့နံနက်ကစပြီး ဘုရားဖူး ချိန်ကို  သတ်မှတ်ခဲ့တာပါ”” ဟု ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့မှ  တာဝန်ရှိသူ တစ်ဦးကပြောသည်။

““ဓာတ်လှေကားတွေကိုလည်း ဒီနေ့နံနက် ကနေ စတင် ပိတ်လိုက်ပါပြီ။ ဓာတ်လှေကား က  သက်ကြီးရွယ်အိုတွေနဲ့  ကလေးငယ် တွေအတွက်  အတက်အဆင်း အဆင်ပြေ တယ်ဆိုပေမယ့် COVID- 19 ရောဂါကြောင့် ပိတ်လိုက် တာပါ”” ဟု ၎င်းကပြော သည်။

ရွှေတိဂုံစေတီတော်တွင် COVID- 19  ရောဂါဖြစ်ပွားမှုမှ ကြိုတင် ကာကွယ်နိုင်ရန် နိုင်ငံခြား ခရီးသွား ဧည့်သည်များ အတွက် စောင်းတန်းလေးခုရှိ ဧည့်ကြိုကောင်တာ များနှင့်  ပြည်တွင်းဘုရားဖူး များအတွက် စောင်းတန်းများ၌  အပူချိန် တိုင်းတာခြင်း၊ လက်ဆေးရည်များ ထားပေးခြင်းနှင့် Mask  များ ဖြန့်ဝေပေးခြင်းတို့   ဆောင်ရွက်ပေး လျက်ရှိ သည်။

ထို့ပြင် ရင်ပြင်တော်ထောင့် အသီးသီး၌ COVID- 19 ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်သည့် လမ်းညွှန်ချက်များ၊ လိုက်နာ ဆောင်ရွက်ရမည့် အချက်များကို ဘုရားဖူး လာပြည်သူများ သိရှိစေရန် ဗီနိုင်းများဖြင့် အသိပေး လျက်ရှိသည်။ အလားတူ ညပိုင်းတွင် ရင်ပြင်တော်၊ ဇရပ်၊ စောင်းတန်းနှင့် ဓာတ်လှေကားများကို ဆပ်ပြာရည်၊ ပိုးသတ် ဆေးရည် တို့ဖြင့် ဆေးကြောခြင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။     

ဝန်းရံခ

Read 31 times Last modified on Thursday, 26 March 2020 10:38