SJ WorldNews - шаблон joomla Авто

COVID -19 ရောဂါကြောင့် မေလဝန်းကျင်တွင် အလုပ်လက်မဲ့ဦးရေ တစ်သိန်းခန့် ရှိလာနိုင်

Saturday, 28 March 2020 12:28 font size decrease font size decrease font size increase font size increase font size

COVID -19 ရောဂါ၏ သက်ရောက်မှု ဆိုးကျိုးများကြောင့်  စက်ရုံများ ထပ်မံ ပိတ်သိမ်းရန် ရှိနေပြီး  လာမည့် မေလဝန်းကျင်တွင် အလုပ်လက်မဲ့ဦးရေ  တစ်သိန်းခန့် ရှိလာနိုင်ကြောင်း သိရသည်။

''လက်ရှိ စက်ရုံ ၃ဝ လောက် ပိတ်ထားရတယ်။  ထပ်ပိတ်ဖို့လည်းရှိတယ်။  မေလလောက်ဆိုရင်တော့  အလုပ်လက်မဲ့ဦးရေ တစ်သိန်းလောက်ဖြစ်လာနိုင်တယ်လို့ သိရတယ်''ဟု   မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်  အထွေထွေအတွင်းရေးမှူး ဦးသက်နှင်းအောင် ကပြောသည်။

အလုပ်သမားသမဂ္ဂများ အနေဖြင့် ရောဂါ မထိန်းချုပ်နိုင်မီကာလတွင်  အလုပ်ရှင်မှ ၂ဝ ရာခိုင်နှုန်းနှင့်အစိုးရမှ ၆ဝ ရာခိုင်နှုန်း သို့မဟုတ်   သတ်မှတ်နှုန်းထားတစ်ခုဖြင့်  အလုပ်သမားများကို အိမ်၌ နေခွင့်ပေးထားရန်  တင်ပြတောင်းဆိုထားခဲ့ရာ မတ် ၂၅ ရက်က နေပြည်တော်၌ အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင် ဆွေးနွေးရာတွင်   ယင်းကိစ္စနှင့် ပတ်သက်၍  မဖြစ်နိုင်သေးကြောင်း   အလုပ်သမား၊   လူဝင်မှု ကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

လတ်တလောတွင် စက်ရုံများ ဆက်လက်လည်ပတ်ကာ ကုန်ချောများ ထုတ်လုပ်နေသော်လည်း  COVID-19 ရောဂါကြောင့် Customer အော်ဒါများ Cancel ပြုလုပ်မှုများ ဖြစ်လာပြီး ယင်းသို့ အော်ဒါ Cancel    ပြုလုပ်ခံရသည့် စက်ရုံ  ၈ဝ ရာခိုင်နှုန်းခန့်အထိ    ရှိလာသည့်အတွက် အရှုံးများကာ  စက်ရုံများ ပိတ်သိမ်းရန် ရှိနေကြောင်း သိရသည်။  

Read 55 times Last modified on Saturday, 28 March 2020 12:29