SJ WorldNews - шаблон joomla Авто

သင်္ကြန်ကာလ ရုံးပိတ်ရက် နေရပ်ပြန်သူများအတွက် ယာဉ်လိုင်း ၁၁ လိုင်း ပိတ်ရက်မရှိ ပြေးဆွဲမည်

Saturday, 28 March 2020 17:59 font size decrease font size decrease font size increase font size increase font size

ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေး ကားဝင်းအတွင်းရှိ ယာဉ်လိုင်း ၁၁ လိုင်းမှ သင်္ကြန်ကာလ ရုံးပိတ်ရက်အတွင်း နေရပ်ပြန်သူများအတွက် ပိတ်ရက်မရှိ ပြေးဆွဲပေးမည်ဖြစ်ကြောင်း  ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး   ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)မှ သိရသည်။

''သင်္ကြန်မတိုင်မီ  ဧပြီ  ၉ ရက်အထိ ပုံမှန်ပြေးဆွဲနိုင်အောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။ ယာဉ်လိုင်း  ၁၁ လိုင်းကတော့ ရုံးပိတ်ရက်လည်း မနားဘဲ ပြေးဆွဲပေးမယ်။ ကျန်တဲ့ယာဉ်လိုင်းတွေက  ရက်အလိုက်နားမှာပါ'' ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင် ကပြောသည်။

ထိုသို့ပြေးဆွဲပေးမည့်   ယာဉ်လိုင်းများ အနေဖြင့်  လက်မှတ်များကို  အွန်လိုင်းမှလည်း ရောင်းချပေးမည်ဖြစ်ပြီး တချို့ယာဉ်လိုင်းများသည် ရုံးပိတ်ရက်နီးမှ ရောင်းချ သည့် စနစ်များဖြင့် ဆောင်ရွက်မည်ဖြစ်သည်။

အောင်မင်္ဂလာ အဝေးပြေး ကားဝင်းအတွင်း ယာဉ်လိုင်းပေါင်း  ၂ဝဝ ကျော်ရှိပြီး  ဧပြီ ၉ ရက်အထိ  လိုင်းအပြည့် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

Read 42 times Last modified on Saturday, 28 March 2020 18:00