SJ WorldNews - шаблон joomla Авто

တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)ကို ခေတ္တပိတ်ထားမည်

Saturday, 28 March 2020 18:04 font size decrease font size decrease font size increase font size increase font size

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပေါ်လျက်ရှိသော ကိုရိုနာဗိုင်းရပ် ရောဂါပိုးကြောင့်   လူစုလူဝေး ပြုလုပ်ခြင်းကို လျှော့ချရန်အတွက်  တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)ကို မတ် ၂၆ ရက် ညနေပိုင်းမှ စတင်ကာ   ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)မှ  တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)၌ ဥယျာဉ် ခေတ္တ မပိတ်သိမ်းခင်တွင်လည်း ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပေါ်လျက်ရှိသော ကိုရိုနာဗိုင်းရပ်ရောဂါပိုး ကူးစက်မပြန့်ပွားစေရန် အတွက် ဥယျာဉ်သို့  လာရောက် လည်ပတ်သူများနှင့်  ဝန်ထမ်းများအား ဥယျာဉ်ဝင်/ထွက်ဂိတ် များတွင် ကိုယ်အပူချိန် တိုင်းစက်ဖြင့် စစ်ဆေးပေးခြင်း၊ လက်ဆေးရည် ထားရှိအသုံးပြုစေခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)၌ ပုံမှန်ဆင်များ၏ အကအလှများဖြင့် ဖျော်ဖြေပွဲများကို အပတ်စဉ်စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များနှင့် နေ့ထူးနေ့မြတ်များတွင် ဖျော်ဖြေလျက်ရှိပြီး လာရောက်လည်ပတ်သူများ လေ့လာကြည့်ရှုနိုင်စေရန် ငါးပြတိုက် ဖွင့်လှစ်ထားပြီး  ပြည်တွင်းပြည်ပ ငါးမျိုးစိတ်ပေါင်း ၆ဝ နှင့် ငါးအရေအတွက် ၅ဝဝဝ ကျော် ပြသထားကြောင်း၊  ထိုငါးပြတိုက်တွင်လည်း  လာရောက်လည်ပတ်သူများ စိတ်အပန်းပြေစေရန်နှင့် ပျော်ရွှင်ဖွယ်

Smiling Feet ခံစားနိုင်စေရန်အတွက်  Fish Spa ကိုလည်း ဖွင့်လှစ်ထားပြီး ငါးများကို ဧည့်သည်များကိုယ်တိုင် နို့ဘူးတိုက်နိုင်သည့် အစီအစဉ်ကိုလည်း ပြုလုပ်ပေးထားကြောင်း သိရသည်။

ဝင်ကြေးအနေဖြင့် လူကြီး ငွေကျပ် ၁ဝဝဝ၊ ကလေး ငွေကျပ် ၅ဝဝ သတ်မှတ်ထားပြီး ကျောင်းသား၊ ကျောင်းသူများနှင့် အသင်းအဖွဲ့များအား အထူးလျှော့ဈေးများဖြင့် ပြည်သူများ လာရောက်လည်ပတ်နိုင်စေရန် စီစဉ်ထားပြီး   ဥယျာဉ်အတွင်း ကားဖြင့်  လည်ပတ်ကြည့်ရှုနိုင်ရန်လည်း စီစဉ်ထားသည်။

ယခုအခါ ဥယျာဉ်အတွင်း ကျန်းမာရေး ဦးစီးဌာနမှ ထုတ်ပြန်ထားသော အသိပေး ဆိုင်းဘုတ်များ ထားရှိခြင်းနှင့်  ဆောင်ရန်၊ ရှောင်ရန်အချက်များကို  ဥယျာဉ်ရှိ ပြန်ကြားရေးဌာနက   ဖတ်ကြား အသိပညာပေး ကြေညာခြင်းများ ဆောင်ရွက်ကြပြီး ဥယျာဉ်ပြန်လည် ဖွင့်လှစ်မည့်ရက်ကို ပြည်သူများအား အချိန်နှင့်တစ်ပြေးညီ  အသိပေးကြေညာမည် ဖြစ်ကြောင်း သိရသည်။

Read 47 times Last modified on Saturday, 28 March 2020 18:06