SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါကြောင့် ဗိုလ်ချုပ်အောင်ဆန်းဈေးရှိဆိုင်အများစု အရောင်းအဝယ်ရပ်ဆိုင်းလုနီးပါးဖြစ်နေ

Sunday, 29 March 2020 10:37 font size decrease font size decrease font size increase font size increase font size

ပြည်တွင်း၌ လတ်တလောဖြစ်ပွားလာ သော COVID-19 ရောဂါအခြေအနေနှင့် ပတ်သက်၍ ရန်ကုန်မြို့ ဗိုလ်ချုပ် အောင်ဆန်းဈေးရှိ အရောင်းဆိုင်အများစုတွင် ဈေးကွက် အေးကာ အရောင်းအဝယ်ရပ်ဆိုင်းလုနီးပါး အခြေအနေမျိုးဖြစ်ပေါ်နေကြောင်း ဆိုင် ပိုင်ရှင်များထံမှ သိရသည်။

''အရင်က အခါကြီးရက်ကြီးပိတ်ရက် တွေနဲ့ အစိုးရရုံးပိတ်ရက်တွေဆိုရင် လာဝယ် တဲ့သူတွေ   တော်တော်များတယ်။  အခု ဈေးဝယ်သိပ်မရှိတော့လို့ ခြောက်ကပ်နေ တာပဲ။ ဆိုင်ရှင်တွေမှာ ဆိုင်ကိုပိတ်ပဲထား  ရတော့မလား၊ ဆက်ပဲရောင်းချရမလားဆို တာ မသိတော့ဘူး။ ဈေးဦးတောင်မပေါက် တဲ့ရက်တွေရှိလာတယ်'' ဟု  ဆိုင်ပိုင်ရှင်  တစ်ဦးဖြစ်သူ  ဦးမောင်မောင်မြင့်ကပြော သည်။

အဆိုပါဈေးအတွင်းသို့ နိုင်ငံခြားခရီးသွား ဧည့်သည်အများအပြားလာရောက်လေ့ရှိ သော်လည်း  ယခုလ ပထမပတ်မှစ၍ မရှိ သလောက်ဖြစ်သွားပြီး   လက်ရှိ  မတ်လ ကုန်ပိုင်းတွင်  ပြည်တွင်းမှ လာရောက်သူ များပင် မရှိသလောက်အခြေအနေမျိုးဖြစ် လာသည်။

''အခုဆိုရင် အရောင်းအဝယ်က လုံးဝကို မကောင်းတာ သုံးရက်လောက်ရှိသွားပြီ။  လာမေးမယ့်သူတောင်မရှိဘူး။  ဒီလိုမျိုး မရောင်းရတဲ့အခါကျတော့  ရေရှည်မှာ မလွယ်ဘူး။ မနှစ်ကဆိုရင် ဒီလိုသင်္ကြန်နား နီးချိန်တွေမှာ တော်တော်လေးရောင်းရတယ်။   ကျွန်မတို့လည်းစိုးရိမ်စိတ်တော့ရှိတာပေါ့။  ဒါပေမဲ့လည်း  ကိုယ့်မှာဝမ်းရေးအတွက်  ဆိုင်ဖွင့်ထားပြီးရောင်းချနေရဦးမှာပဲ''  ဟု  ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်စန်းရီကပြော သည်။

ပြည်တွင်း၌ မတ် ၂၈ ရက်အထိ COVID-19  Positive လူနာပေါင်း ရှစ်ဦး အထိရှိလာသဖြင့် ပြည်သူများကြား စိုးရိမ်မှု မြင့်တက်လာပြီး ဈေးကွက်အတွင်း Mask  များနှင့် Hand Sanitizer များ ရောင်းအား အကောင်းဆုံးဖြစ်နေကြောင်း၊ လက်လီဆိုင်  အများစုတွင် တစ်ခါသုံး Mask  တစ်ခုလျှင်  ယခင် ငွေကျပ် ၅ဝ နှုန်းသာရှိရာမှ ယခု အခါ တစ်ခုလျှင် ငွေကျပ် ၇ဝဝ မှ ၁ဝဝဝ ကြား အထိရှိလာကြောင်း၊ Hand Sanitizer  များ မှာ ပြည်ပမှတင်သွင်းထားသောပစ္စည်းများ မရှိသလောက်ဖြစ်လာသကဲ့သို့ ပြည်တွင်း၌ ရှိသည့် အသေးစား၊ အလတ်စားအိမ်တွင်းမှု လုပ်ငန်းများမှ ထုတ်လုပ်သော Hand Sanitizer  များသာ ရောင်းချနေကြကာ ဈေးနှုန်း များလည်း ယခင်ကထက် နှစ်ဆ ခန့်မြင့်တက် လာကြောင်း သိရသည်။

 

ထက်ခိုင်(စမ်းချောင်း)

Read 58 times