SJ WorldNews - шаблон joomla Авто

လားရှိုးမြို့တွင် ဆန်ဈေးကွက် ပုံမှန် ရောင်းအားကောင်းနေပြီး သယ်ယူသည့်ကားခဈေးနှုန်း အနည်းငယ် မြင့်တက်

Sunday, 29 March 2020 10:38 font size decrease font size decrease font size increase font size increase font size

ရှမ်းပြည်နယ်(မြောက်ပိုင်း)  လားရှိုးမြို့၌ ရောင်းချလျက်ရှိသောဆန်ဆိုင်များတွင် ဝယ်လိုအား မြင့်တက်နေသဖြင့်    ဆန်ဈေးကွက်တွင် ပုံမှန်ရောင်းအား ကောင်းနေသော်လည်း သယ်ယူ သည့်ကားခဈေးနှုန်း   အနည်းငယ်မြင့်တက် လျက်ရှိကြောင်း လားရှိုးမြို့ရှိ  ရွှေဆင်ဆန်ဆိုင် ရောင်းဝယ်ရေး ဆိုင်ရှင် ဦးညွန့်လွင်ကပြောသည်။

''ကျွန်တော်တို့ဆန်ဆိုင်တွေမှာ   ဆန်ဈေး ကစားတာမရှိပါဘူး။ အခုရောင်းနေတဲ့ဈေးနှုန်း တွေက    ပြီးခဲ့တဲ့သုံးလလောက်ကရောင်းတဲ့ ဈေးပါပဲ။ မတ်  ၂၃ ရက်မှာ ကိုယ့်ပြည်တွင်းက Covid-19 ရောဂါပိုး တွေ့တယ်ဆိုတဲ့သတင်းရ တော့ မတ် ၂၄ ရက်ကတော့   ဆန်ဆိုင်တွေ အပြင်   ကျန်တဲ့စားသောက်ကုန်ဆိုင်တွေပါ ဝယ်တဲ့သူများခဲ့တယ်။ အခု ရက်ပိုင်းကတော့ ပုံမှန်ပါပဲ။ လားရှိုးမှာက အရင်လတွေနဲ့စာရင် ဒေသခံတွေ ဘယ်အရပ်ဒေသကိုမှ သွားလာလို့ မရတဲ့အတွက် ဒေသအတွင်း လူဦးရေများလာ တော့ ဆန်နဲ့အတူ ကျန်တဲ့စားသောက်ကုန်တွေပါ ရောင်းအားကောင်းပါတယ်''ဟု  ဦးညွန့်လွင်က ပြောသည်။

လားရှိုးမြို့တွင်   လက်ရှိရောင်းချလျက်ရှိ သော ဆန်များမှာ ရွှေဘိုပေါ်ဆန်းမွှေးအဟောင်း တစ်အိတ်ငွေကျပ် ၆၄ဝဝဝ၊ အသစ်တစ်အိတ် ငွေကျပ် ၅၄ဝဝဝ၊ ၅၅ဝဝဝ၊ ဖျာပုံနှင့်ပုသိမ် ပေါ်ဆန်းတစ်အိတ် ငွေကျပ် ၄၅ဝဝဝ၊ ဧည့်မထ၊ မှော်ဘီဆန်တစ်အိတ်ငွေကျပ် ၂၈ဝဝဝ၊ ၃ဝဝဝဝ၊ ပေါ်ဆန်းစလပ်ကျိုးတစ်အိတ် ငွေကျပ် ၃ဝဝဝဝ နှင့်ဇီယာဆန်တစ်အိတ်ငွေကျပ် ၂၈ဝဝဝ၊ ၃ဝဝဝဝ တို့ဖြစ်ပြီး ဆန်ဈေးအတက်အကျမရှိဘဲ သယ်ယူ စရိတ်သာ ယခင်တစ်အိတ်လျှင် ငွေကျပ် ၁၂ဝဝ မှ ၁၃ဝဝ အထိ ဈေးအနည်းငယ်မြင့်တက်လာ ကြောင်းသိရသည်။

ဆတ်ချိုတောင်(မြေလတ်သား)၊ ဖိုးကျော်(သရက်)

Read 62 times