SJ WorldNews - шаблон joomla Авто

ပြင်ဦးလွင်မြို့ရှိ ပိတ်ချင်းမြောင်လိုဏ်ဂူကို COVID-19 ရောဂါကြောင့် မတ် ၂၇ ရက်မှစ၍ ယာယီပိတ်ထား

Sunday, 29 March 2020 10:39 font size decrease font size decrease font size increase font size increase font size

ပြင်ဦးလွင်မြို့ရှိ ပိတ်ချင်းမြောင်လိုဏ်ဂူ ကို COVID-19  ရောဂါကြောင့် မတ် ၂၇  ရက်မှစ၍ ယာယီပိတ်ထားကြောင်း အဆိုပါ လိုဏ်ဂူဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွန်း ၏ပြောပြချက်အရ သိရသည်။

ပိတ်ချင်းမြောင်းလိုဏ်ဂူသည် ပြင်ဦးလွင်မြို့၌   ခရီးသွား ပြည်သူအများဆုံး လည်ပတ်သည့်နေရာများထဲတွင် တစ်ခု အပါအဝင်ဖြစ်ပြီး ပြည်တွင်း ပြည်ပခရီးသွား ဦးရေ တစ်ရက်လျှင် ၁ဝဝဝ ကျော်အထိ  လာရောက်လည်ပတ်ကြောင်း သိရသည်။

''ပိတ်ချင်းမြောင်လိုဏ်ဂူကို သက်ဆိုင်ရာ ညွှန်ကြားချက်အရ မတ် ၂၇ ရက်ကစပြီး ဧပြီ ၃ဝ ရက်အထိ ယာယီပိတ်ထားတယ်။ အနယ်နယ်အရပ်ရပ်က လာရောက်လည် ပတ်မယ့်ခရီးသွားတွေအတွက်  လိုဏ်ဂူ ပြန်ဖွင့်မယ့်ရက်ကို ကြေညာပေးမှာပါ။ လောလောဆယ်  လိုဏ်ဂူအတွင်း၊ အပြင် ဝင်ထွက်ခွင့်ပြုမှာမဟုတ်ပါဘူး''ဟု ဦးခင်မောင်လွန်းကပြောသည်။

COVID-19 ရောဂါကြောင့် ပိတ်ချင်း မြောင်လိုဏ်ဂူ ယာယီပိတ်သိမ်းထားသည့် ရက်များအတွင်း  လိုဏ်ဂူတော်အတွင်း လုံခြုံရေးဝန်ထမ်းများ  ထားရှိမည့်အပြင်  CCTV ကင်မရာအလုံးရေ ၃ဝ ကျော်ဖြင့် စောင့်ကြည့် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။                   

လင်းကြည်လင်း

Read 58 times