SJ WorldNews - шаблон joomla Авто

မင်းတဲကုန်းကျေးရွာတွင် အမျိုးသားတစ်ဦး နေအိမ်အား မီးရှို့မှုဖြစ်ပွား

Tuesday, 31 March 2020 10:04 font size decrease font size decrease font size increase font size increase font size

ပွင့်ဖြူ၊ မီးလောင်မှု

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု  မင်းတဲကုန်း ကျေးရွာ၌ မတ် ၃ဝ ရက် နံနက် ၁ဝ နာရီခွဲတွင် အမျိုးသားတစ်ဦး နေအိမ်အား မီးရှို့မှုဖြစ်ပွားကြောင်း ပွင့်ဖြူ မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု မင်းတဲကုန်းကျေးရွာနေ ဦးပိုကြီး၏သား စိတ်ကျန်းမာရေး ချို့ယွင်းသူ စံလင်းအောင်သည် တစ်ရွာတည်းနေ ဦးမင်းနိုင်၏ နေအိမ် နောက်ဘေးအဖီအား မီးရှို့ရန်ကြံစည်နေစဉ် တစ်ရွာတည်းနေ မချိုချိုမာက တားမြစ်ပြောဆိုရာ  က အရိုးအသွား ခြောက်လက်မခန့်ရှိ ဓားဦးချွန်ဖြင့်ထိုးပြီး အနီးရှိ ဦးခင်မောင်ကြည်နေ အိမ်အပေါ်ထပ်သို့ တက်သွား၍ ဦးခင်မောင်ကြည်၏ နေအိမ်အား ထပ်မံမီးရှို့ခဲ့ပြီး မီးလောင် သည့်နေအိမ်အတွင်း သေဆုံးခဲ့ကြောင်း၊ ဓားဦးချွန်ဖြင့် ထိုးသွင်းခံရသူ မချိုချိုမာတွင် ရင်ညွန့် တစ်ချက် ထိုးသွင်းဒဏ်ရာ (စိုးရိမ်ရ)ရရှိခဲ့သဖြင့် တာဝန်ရှိသူများက မင်းဘူးဆေးရုံသို့ ဆေးဝါး ကုသရန် ပို့ဆောင်ထားရှိကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်၊ ပွင့်ဖြူမြို့မရဲစခန်းမှူး ဒုတိယရဲမှူးအေးဇော်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သီဟနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် စုပေါင်း၍ မီးငြှိမ်းသတ် ယာဉ်နှစ်စီး၊ ရေသယ်ယာဉ်တစ်စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ရာ မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် ပွင့်ဖြူမြို့နယ် မင်းတဲကုန်းကျေးရွာနေ ဦးခင်မောင်ကြည် ပိုင်ဆိုင်သော ၄ ပင်x ၃ ပင် သွပ်မိုးနှစ်ထပ် လူနေအိမ်တစ်လုံး၊ မော်တော်ဆိုင်ကယ်တစ်စီးနှင့် စပါးကျီများ မီးလောင်ဆုံးရှုံးသွားသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စံလင်းအောင်အား ပွင့်ဖြူမြို့မရဲစခန်းက (ပ)၂၁၉/၂ဝ၂ဝ၊ ဥပဒေပုဒ်မ ၄၃၆/၃၂၆/၃ဝ၉ တို့ဖြင့် အမှုဖွင့် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ရဲဝင်းနိုင်(ညောင်ဦး)

Read 36 times Last modified on Tuesday, 31 March 2020 10:05