SJ WorldNews - шаблон joomla Авто

ပုပ္ပါးတောင်ကလပ်၌ ခရီးသွားများ ကိုဗစ်ရောဂါ ကင်းရှင်းကြောင်း ထောက်ခံချက် ပါမှ တက်ခွင့်ပြုမည်

Thursday, 02 April 2020 10:27 font size decrease font size decrease font size increase font size increase font size

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်ရာ ပုပ္ပါးတောင်ကလပ်၌ မတ်လ နောက်ဆုံးပတ်မှစ၍ သက်ဆိုင်ရာမှ COVID-19 ရောဂါကင်းရှင်းပြီး ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံချက်ပါမှ  တက်ခွင့်ပြုမည်ဖြစ်ကြောင်း ပုပ္ပါးတောင်ကလပ် ဂေါပကအဖွဲ့ရုံးမှ သိရသည်။

''လက်ရှိပုပ္ပါးတောင် ကလပ်မှာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အတိုင်း ဘုရားဖူးတွေ၊ ခရီးသွားတွေ လိုက်နာကြရမှာပါ။ ဘုရားဖူးရင် တစ်ယောက်နဲ့တစ်ယောက်သုံးပေကွာနေထိုင်ဖို့၊ လက်ဆေးတာနဲ့ အပူချိန် တိုင်းတာစစ်ဆေးဖို့ လိုအပ်ပါတယ်။

COVID-19 ရောဂါမရှိဘဲ ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံချက်စာပါမှ တောင်ကလပ်ကို တက်ခွင့်ပြုပါမယ်''ဟု ပုပ္ပါးတောင်ကလပ် ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင်   ပုပ္ပါးတောင်ကလပ်သို့ ပြည်တွင်းပြည်ပမှ ခရီးသွားများ လာရောက်မှုမှာ မရှိသလောက်ဖြစ်ကြောင်း ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးတောင်ကလပ် ဂေါပက အဖွဲ့ရုံးမှ သိရသည်။

Read 56 times Last modified on Thursday, 02 April 2020 10:28