SJ WorldNews - шаблон joomla Авто

မြစ်ကြီးနားမြို့ရှိ မြို့မဈေးသစ်အား တစ်လကြာ ပိတ်သိမ်း

Thursday, 02 April 2020 10:59 font size decrease font size decrease font size increase font size increase font size

ကချင်ပြည်နယ်   မြစ်ကြီးနားမြို့၌ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု ကြိုတင်ကာကွယ်ရေး အတွက် လူစည်ကားသည့် မြို့မဈေးအား ဧပြီ ၁ ရက်မှစ၍ တစ်လကြာ ပိတ်သိမ်းလိုက်ကြောင်း မြို့မဈေး အုပ်ချုပ်မှုရုံးမှ သိရသည်။

''မြို့မဈေးကို ဒီနေ့ကစပြီး  တစ်လကြာ ပိတ်ထားမှာပါ။ ဈေးရောင်းတဲ့ ဈေးသည်တွေ အိမ်တွေမှာ ရောင်းဝယ်ချင်တယ်ဆိုရင်တော့ ရောင်းကုန်ပစ္စည်းတွေကို ဧပြီ ၁ ရက်ကနေ ၅ ရက်အတွင်း ထုတ်ယူခွင့်ပြုပေးသွားမှာပါ။ လက်ရှိပိတ်တဲ့ ဈေးကတော့ အထည်အလိပ်နဲ့ အသုံးအဆောင် ပစ္စည်းဆိုင်၊ စာရေးကိရိယာဆိုင်နဲ့ ရွှေဆိုင်တွေ စတဲ့အရောင်းဆိုင်တွေ ပါဝင်တဲ့ မြို့မဈေး(၁)နဲ့ ဈေး(၂)ကို ဦးတည်ပြီး ပိတ်သိမ်းတာပါ''ဟု ဈေးအုပ်ချုပ်မှုရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့မဈေးတွင် COVID-19 ရောဂါကြိုတင် ကာကွယ်ရေးအတွက် လူသုံးကုန် အရောင်းဆိုင်များ ပါဝင်သည့် ဈေးအမှတ်(၁)နှင့် ဈေးအမှတ်(၂)အား တစ်လကြာ ပိတ်သိမ်းမည် ဖြစ်သော်လည်း သား၊ ငါးနှင့် သီးနှံအရောင်းဆိုင်များ ရောင်းချသည့် နံနက်ခင်း ဈေးအား နံနက် ၅ နာရီမှ ၁ဝ နာရီအထိနှင့် အောင်ဆန်းလမ်း၌ ဖွင့်လှစ်မည့် ညဈေးအား ညနေ ၄ နာရီမှ ည ၇ နာရီအထိ ဖွင့်လှစ်ခွင့်ပြုထားပြီး ရပ်ကွက်ဈေးများကို နံနက်၅ နာရီမှ ၁ဝ နာရီအထိ တစ်ကြိမ်သာ ဖွင့်လှစ်ခွင့်ပြုထားကြောင်း သိရသည်။

Read 65 times Last modified on Thursday, 02 April 2020 11:00