SJ WorldNews - шаблон joomla Авто

နွေရာသီရေရှားပါးပြတ်လပ်နေသည့် ဟိုပုံးမြို့နယ် ကောင်တယံကျေးရွာသို့ သောက်သုံးရေ လှူဒါန်း

Friday, 03 April 2020 10:31 font size decrease font size decrease font size increase font size increase font size

ဟိုပုံး၊ ရေရရှိရေး

နွေရာသီကာလသို့ ရောက်ရှိပြီဖြစ်၍ သဘာဝရေထွက်များမှ စိမ့်စမ်းရေများ လျော့နည်းလာပြီး သောက်သုံးရေခက်ခဲနေသည့် ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် လုံဟေးကျေးရွာအုပ်စု ကောင်တယံကျေးရွာသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဟိုပုံးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဧပြီ ၁ ရက် နံနက်ပိုင်းက ရေဂါလန် ၁၆ဝဝ ကို သွားရောက်လှူဒါန်းသည်။

''ကောင်တယံကျေးရွာက ဟိုပုံးမြို့နှင့် ၂၁ မိုင်ခန့်ကွာဝေးပြီး တောင်ပေါ်တွင်တည်ရှိသည့် ကျေးရွာဖြစ်သည့်အပြင် သောက်သုံးရေရရှိရေး ကျေးရွာရေထွက်ရှိရာသို့ ၂ မိုင်ခန့်သွားရောက် သယ်ယူထမ်းပိုးရပြီး ကျေးရွာတွင် အိမ်ခြေ ၆ဝ၊ လူဦးရေ ၃ဝ၉ ဦးရှိပါတယ်။ တောင်ယာ လုပ်ငန်းကိုသာ အဓိက အားထားနေရသူများဖြစ်သည့်အတွက် နှစ်စဉ်နှစ်တိုင်း နွေရာသီကာ လတွင် သောက်သုံးရေ လုံလောက်စွာရရှိနိုင်ရေး အခက်အခဲကြုံတွေ့နေရသောကြောင့် မိမိ တို့ဌာနမှ အခုလို လာရောက်လှူဒါန်းရခြင်းဖြစ်ပါတယ်''ဟု ဟိုပုံးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးထျာရယ်က ပြောသည်။

အဆိုပါကျေးရွာသို့ မီးသတ်ဦးစီးဌာနမှ ဂါလန် ၁၆ဝဝ ဆံ့ မီးသတ်ရေသယ်ယာဉ်ဖြင့် မြို့နယ်  ဒုတိယအုပ်ချုပ်ရေးမှူး ဦးခွန်ကျော်သိန်း၊ မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူးဦးစောမောင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဦးထျာရယ်တို့က သောက်သုံးရေများကို စနစ်တကျ ခွဲဝေပေးကြောင်း သိရသည်။

နမ်းခမ်းခြူး

Read 42 times Last modified on Friday, 03 April 2020 10:33