SJ WorldNews - шаблон joomla Авто

ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး

Friday, 03 April 2020 10:33 font size decrease font size decrease font size increase font size increase font size

ကြို့ပင်ကောက်၊ လမ်းပန်းဆက်သွယ်ရေး

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ရွှေပန်းတောကျေးရွာ၌ ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း(ဠီဏ)ဖြင့် ဆောင်ရွက်လျက်ရှိသော ရွာလယ်လမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်စန္ဒာအေးနှင့် ဝန်ထမ်းများမှ ဧပြီ ၁ ရက်က ကွင်းဆင်းစစ်ဆေးသည်။

အဆိုပါ ကွန်ကရစ်လမ်းသည် အရှည်ပေ ၃ဝဝဝ၊ အကျယ် ၂ ပေ၊ ထု ၈ လက်မရှိပြီး နိုင်ငံ တော်မှ ထောက်ပံ့ငွေကျပ်သိန်း ၁ဝဝ နှင့်  ကျေးရွာပြည်သူ ထည့်ဝင်ငွေကျပ်သိန်း ၁ဝဝ တို့ဖြင့် မတ် ၁၆ ရက်မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယနေ့အထိ ၅ဝ ရာခိုင်နှုန်း ပြီးစီး ပြီဖြစ်ကြောင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသော ကျေးရွာကော်မတီထံမှ သိရသည်။

ကြို့ပင်ကောက်မြို့နယ်၌ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP)ဖြင့် ကျေးရွာ ၁၂ ရွာတွင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အလယ်စိန်ကြီးရိုး ကျေးရွာတွင်လည်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို   စတင်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)

Read 48 times Last modified on Friday, 03 April 2020 10:34