SJ WorldNews - шаблон joomla Авто

ကုန်စည်များနှင့်ဆေးပစ္စည်းများတင်ပို့နိုင်ရေး မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ရန်ကုန်-ဗန်ကောက်-ရန်ကုန်ခရီးစဉ် စင်းလုံးငှားလေယာဉ်ဖြင့် ပျံသန်းပေးမည်

Friday, 03 April 2020 10:34 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ လေကြောင်းလိုင်း

COVID-19 ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း မြန်မာအမျိုးသားလေကြောင်းလိုင်းမှ   ပြည်ပခရီးစဉ်များကို ရပ်ဆိုင်းခဲ့သော်လည်း နိုင်ငံအတွင်း လူသုံးကုန်ပစ္စည်းများ မပြတ်လပ် စေရေးနှင့် ကုန်စည်များ တင်ပို့နိုင်ရေးအတွက် ရန်ကုန်-ဗန်ကောက်-ရန်ကုန် စင်းလုံးငှား လေကြောင်းခရီးစဉ် ပျံသန်းပေးမည်ဖြစ်ကြောင်း မြန်မာအမျိုးသား လေကြောင်းလိုင်းမှ သိရ သည်။

''ခရီးသည်တင် လေယာဉ်တွေကိုတော့ အားလုံးရပ်ဆိုင်းထားပါတယ်။ ဒါပေမဲ့ ဆေးပစ္စည်း တွေနဲ့ အထောက်အကူပြုပစ္စည်းတွေ သယ်ဆောင်ဖို့အပြင် အရေးပေါ်ဆေးကုသဖို့သွားတဲ့ ကိုယ်ပိုင်လေယာဉ်တွေကိုတော့ ခွင့်ပြုထားပါတယ်။အဓိကကတော့ ဆေးနဲ့ဆေးပစ္စည်းတွေကို  သယ်ဆောင်မှာပါ။ ဟိုဘက်က ဆေးနဲ့ဆေးပစ္စည်းတွေ လှူဒါန်းတာတွေရှိတယ်။ ကျွန်တော်တို့ ဆီကလည်း ဝယ်တဲ့ပစ္စည်းတွေရှိတယ်။

အဲဒါမျိုးကို အဓိကထားပြီး သယ်ယူပို့ဆောင်ပေးတာဖြစ်ပါတယ်''ဟု မြန်မာအမျိုးသား လေကြောင်းလိုင်းမှ လေယာဉ်မှူးကြီး ဦးခုတ်ခန့်မောင်က ပြောသည်။

အဆိုပါ စင်းလုံးငှားခရီးစဉ်များကို ဧပြီ ၃ ရက်၊ ၈ ရက်၊ ၁၁ ရက်၊ ၂၂ ရက်၊ ၂၅ ရက်နှင့် ၂၉ ရက်တို့တွင် ရန်ကုန်- ဗန်ကောက်- ရန်ကုန်ခရီးစဉ်များ ပျံသန်းမည်ဖြစ်သည်။ COVID-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အပါအဝင်  မြန်မာနိုင်ငံရှိ မည်သည့် လေဆိပ်များ၌မဆို နိုင်ငံတကာမှ ခရီးသည်တင် လေယာဉ်များ ဆင်းသက်ခွင့်ကို မတ် ၃ဝ ရက် ညသန်းခေါင်မှစ၍ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာနမှ ခေတ္တဆိုင်းငံ့ထားသည်။

သို့ရာတွင် ကယ်ဆယ်ရေး လေယာဉ်များ၊ ကုန်တင်လေယာဉ်များ၊ ဆေးဘက်ဆိုင်ရာ ကယ် ဆယ်ရေးလေယာဉ်များနှင့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အထူးခွင့်ပြု ချက်ဖြင့် ဆင်းသက်သော လေယာဉ်များကို ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေယာဉ်များအနေဖြင့် ညအိပ်ရပ်နားမှုများရှိပါက လေယာဉ်ပေါ်၌ လိုက်ပါလာသည့် လေယာဉ်အမှုထမ်းများသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများအတိုင်း ထိန်းသိမ်းမှုခံယူရမည်ဖြစ်ကြောင်း သိရသည်။

ဝန်းရံခ

 

Read 49 times Last modified on Friday, 03 April 2020 10:35