SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါကြောင့် ဧည့်သည်တစ်ဦးမျှ မလာသည့်အတွက် အင်းဝမြို့ဟောင်း မြင်းလှည်း ဝန်ဆောင်မှု လုပ်ငန်းရပ်နားကာ အခြားအလုပ်များ ပြောင်းရွှေ့လုပ်ကိုင်

Sunday, 05 April 2020 10:28 font size decrease font size decrease font size increase font size increase font size

အင်းဝ  ဧပြီ 

ကမ္ဘာ့ကပ်ရောဂါ COVID-19  ဖြစ်ပွားနေသည့် ကာလတွင်   အင်းဝရှေးဟောင်း ဒေသသို့ နိုင်ငံတကာ ခရီးသွားဧည့်သည်များနှင့် ပြည်တွင်းခရီးသွား ဧည့်သည်ဝင်ရောက်မှု နည်းပါးကာ တစ်ဦးမျှ မလာတော့သည့်အတွက် မြင်းလှည်းဝန်ဆောင်မှု လုပ်ငန်းရပ်နားကာ အခြားလုပ်ငန်းများ ပြောင်းရွှေ့ လုပ်ကိုင်လာကြောင်း အင်းဝဒေသ လေသာရပ် မြင်းလှည်း ဝန်ဆောင်မှုပေးသူ ကိုဆန်းဝင်းထွန်းထံမှ သိရသည်။

အင်းဝဒေသတွင် ယခင်က မြင်းလှည်း ဝန်ဆောင်မှုပေးသည့်  မြင်းလှည်း ၂ဝဝ ကျော်ရှိပြီး    အမျိုးသမီး မြင်းလှည်းမောင်းသူ ၃ဝ ကျော်  ပါဝင်သည်။ မြင်းလှည်း အားလုံးကို အိုးတုတ္တန်းတွင် ဂိတ်ထိုးကာ အစီအစဉ်တကျ မြင်းလှည်းအငှားလိုက်ကြရသည်။ အင်းဝမြို့ဟောင်းမှ မြင်းလှည်း ဝန်ဆောင်မှု လုပ်ငန်းလုပ်သည့် မြင်းလှည်းဆရာများမှာ နိုင်ငံတကာခရီးသွား ဧည့်သည်များကို အားထားနေရပြီး ပုံမှန်ဆိုက်စည်းအရ နာမည်ကြီးသည့် နေရာလေးနေရာ ပို့ပေးပြီး အခြားနေရာကို သွားရောက်လိုပါက မြင်းလှည်းဝန်ဆောင်ခ ပိုပေးရသည်။ မြင်းလှည်းတစ်စီးလျှင်   ခရီးသည်နှစ်ဦးသာ တင်ဆောင်ပြီး မြင်းလှည်းဝန်ဆောင်ခမှာ လူတစ်ဦးလျှင် ငွေကျပ် ၇၅ဝဝ၊ နှစ်ဦးလျှင် ငွေကျပ် ၁၅ဝဝဝ ပေးရသည်။

လက်ရှိကာလ အင်းဝဒေသသို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် တစ်ဦးမျှ မလာရောက်သည့်အတွက် မြင်းလှည်းဝန်ဆောင်မှု လုပ်ငန်းရပ်နားကာ အခြားအလုပ်များသို့ ပြောင်းရွှေ့လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။  

Read 41 times Last modified on Sunday, 05 April 2020 10:29