SJ WorldNews - шаблон joomla Авто

ရန်ကုန်တိုင်း ဒေသကြီး၌ သင်္ကြန်ရုံးပိတ်ရက်များတွင် ကျန်းမာရေးနှင့် အစားအသောက် ဝယ်ယူရန်မှလွဲ၍ အိမ်အပြင် မထွက်ရန် ညွှန်ကြား

Sunday, 05 April 2020 17:32 font size decrease font size decrease font size increase font size increase font size

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ များအနေဖြင့် သင်္ကြန်ရုံးပိတ်ရက်များ ဖြစ်သော ဧပြီ ၁ဝ ရက်မှ ၁၉ ရက်အထိ ကျန်းမာရေးနှင့် အစားအသောက် ဝယ်ယူရန်မှ လွဲ၍ အိမ်အပြင်မထွက်ဘဲ မိမိနေအိမ်၌ နေခြင်းဖြင့်  ပူးပေါင်းပါဝင်ရန်  ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး COVID-19 ရောဂါကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီမှ သိရသည်။

ထို့ပြင် COVID-19 ရောဂါနှင့်ပတ်သက်ပြီး ကာကွယ်ထိန်းချုပ် ကုသရေးနှင့်    ကူညီထောက်ပံ့ရေး လုပ်ငန်းစဉ်များတွင် ပါဝင်သူများမှလွဲ၍ ကျန်သူများ အဆိုပါ ညွှန်ကြားချက်အတိုင်း လိုက်နာရန် သင်္ဃန်းကျွန်းမြို့နယ် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်။

''ရပ်ကွက်တွေကို  ညွှန်ကြားချက်တွေပို့တယ်။ မလိုအပ်ဘဲ အပြင်ကို မထွက်ကြဖို့နဲ့  အိမ်ထဲမှာပဲနေပြီး  ပူးပေါင်းဖို့ပါ။ နောက်ပြီး  အုန်းလက်မဏ္ဍပ်တွေ မလုပ်ဖို့လည်း ပါတယ်။ အားလုံးပူးပေါင်း ပါဝင်ပေးဖို့  မေတ္တာရပ်ခံတာပါ'' ဟု သင်္ယန်းကျွန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဥက္ကဋ္ဌ ဦးအောင်ထိုက် ကပြောသည်။

လက်ရှိတွင်    ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏    တရားဝင် ညွှန်ကြားစာ ရောက်ရှိထားသည့် မြို့နယ်များ၌ ရပ်ကွက်အလိုက် လိုက်လံ အသိပေးခြင်းနှင့် ကြော်ငြာစာထုတ်ပြန်ခြင်းများ စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရ သည်။

Read 38 times Last modified on Sunday, 05 April 2020 17:33