SJ WorldNews - шаблон joomla Авто

ချင်းပြည်နယ်အတွင်းရှိ ဈေးများ ပိတ်သိမ်းလိုက်ပါက စားဝတ်နေရေး ခက်ခဲသွားမည်ဖြစ်၍ ပိတ်သိမ်းမှုမရှိ

Sunday, 05 April 2020 17:36 font size decrease font size decrease font size increase font size increase font size

ချင်းပြည်နယ်အတွင်း ဈေးများအားလုံး၌ ရောင်းသူဝယ်သူများမှာလည်း   ပုံမှန် အရောင်းအဝယ်ပြုလုပ်နေပြီး ဈေးများအားလုံးကို ပိတ်လိုက်ပါက စားဝတ်နေရေး အခက်အခဲဖြစ်သွားမည်ဖြစ်၍ ပိတ်သိမ်းရန် အစီအစဉ် မရှိကြောင်း   ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး၊  လျှပ်စစ်နှင့်  စက်မှုလက်မှု ဝန်ကြီး ဦးစိုးထက်ထံမှ သိရသည်။        

''ဈေးတွေကိုတော့ ပိတ်သိမ်းဖို့ အစီအစဉ် မရှိပါဘူး။ ပုံမှန်လေးတော့ အရောင်းအဝယ် လုပ်နေကြတယ်။  ပိတ်ရင်လည်း  စားဝတ်နေရေး ရှုပ်ထွေးသွားမယ်။  လောလောဆယ်တော့ မပိတ်ဘူး။ သူတို့ဈေးရောင်းပြီး ညပိုင်းကျရင် ကျွန်တော်တို့ကတော့ ကျန်းမာရေးအရ ဆေးဖျန်းပေးတယ်။ ဆေးဖျန်းပေးခြင်းကို   ပုံမှန်လုပ်မယ်။   ရောင်းဝယ်မှုတွေကို သူတို့လည်း   ပုံမှန်လုပ်မယ်။   ဒီရောဂါကိုလည်း ကာကွယ်ရမယ်။ လူထုလည်း စားဝတ်နေရေးက ရှိသေးတော့    ပိတ်ဖို့အစီအစဉ် မရှိသေးဘူး။   အကောင်းဆုံး ကာကွယ်နိုင်အောင် ဝိုင်းဝန်း လုပ်ဆောင်နေတယ်'' ဟု ဦးစိုးထက်ကပြောသည်။

ချင်းပြည်နယ်အတွင်းရှိ ဈေးများအားလုံးကို COVID-19 ရောဂါ ကူးစက်မှု မရှိစေရေး ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် ချင်းပြည်နယ် အစိုးရအဖွဲ့က မြို့နယ်စည်ပင်သာယာရေး ကော်မတီများထံ ညွှန်ကြားထားပြီးဖြစ်သည်။

''ကျွန်တော်တို့မြို့နယ် အားလုံးရဲ့  ဈေးတွေရော၊ ကျန်တဲ့နေရာတွေရော မြို့အားလုံး ပိုးသတ်ဆေးဖျန်းခြင်း လုပ်မှာပါ။ ဒါပေမဲ့ ကျန်တဲ့နေရာတွေမှာ လမ်းပန်း ဆက်သွယ်ရေးခက်ခဲတာ၊ သွားရလာရ ကန့်သတ်ချက်တွေရှိတော့ မလုပ်ရသေးဘူး။  အခု တီးတိန်နဲ့ ဟားခါးမှာလုပ်တယ်။    ကျန်တဲ့မြို့နယ်ရဲ့ ဈေးတွေမှာ ဆေးဖျန်းမယ်။ လောလောဆယ်တော့ လိုအပ်တဲ့နေရာတွေကို အကုန်ဖျန်းမှာပါ''ဟု ၎င်းကပြောသည်။

ထို့ပြင် ချင်းပြည်နယ်အတွင်းရှိ ဈေးများ၌ ဈေးဝယ်လာသူများနှင့်  ဈေးသည်များ ရောဂါကူးစက်မှု မရှိစေရေး လက်ဆေးကန်များ စနစ်တကျ ဆက်လက်ဆောင်ရွက် ထားရှိရန်နှင့် ဈေးအတွင်း လာရောက်ဈေးရောင်း၊ ဈေးဝယ်သူများ အနေဖြင့်  တစ်ဦးနှင့်တစ်ဦး

၃ ပေအကွာမှ  ဈေးရောင်း၊  ဈေးဝယ်ရန် ကြေညာထားပြီး ချင်းပြည်နယ်၌  မြို့နယ်ကိုးမြို့နယ်နှင့် မြို့ ၁၁ မြို့ရှိပြီး ဈေးရုံပေါင်း ၁၅ ခုရှိကြောင်း သိရသည်။

Read 120 times Last modified on Sunday, 05 April 2020 17:37