SJ WorldNews - шаблон joomla Авто

မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံတို့သို့ ပျံသန်းပေးနေသော လေကြောင်းလိုင်း ၁ဝ လိုင်း ရပ်နားထားသဖြင့် ခရီးသည် နှစ်သိန်းကျော် လျော့ကျ

Monday, 06 April 2020 08:17 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံတို့သို့ ပျံသန်းပေးနေသော လေကြောင်းလိုင်း ၁ဝ လိုင်း ရပ်နားထားသဖြင့် ခရီးသည် ဦးရေနှစ်သိန်းကျော်အထိ လျော့ကျခဲ့ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ  သိရသည်။

''လေကြောင်းလိုင်းတွေ ပျံသန်းမှုရပ်ဆိုင်းသွားတော့ ခရီးသည်ဦးရေလည်း ကျဆင်းလာတယ်။ COVID-19 ရောဂါ ကာကွယ်နိုင်ဖို့  လေကြောင်းလိုင်းတွေကို  ပျံသန်းမှု ရပ်ဆိုင်းထားတယ်''ဟု ၎င်းကပြောသည်။

ပျံသန်းပေးနေသော လေကြောင်းလိုင်းများသည် ဇန်နဝါရီလတွင် ၃၉ လိုင်းနှင့် ပြေးဆွဲအကြိမ်ရေ ၄ဝဝဝ ကျော်ဖြင့် ခရီးသည်ဦးရေ ငါးသိန်းကျော် ပို့ဆောင်ပေးခဲ့ကြောင်း၊ ဖေဖော်ဝါရီလတွင် လေကြောင်းလိုင်း ရှစ်ခုပိတ်ထားသဖြင့် လေကြောင်း ပျံသန်းသည့် အကြိမ်ရေ ၃ဝဝဝ ကျော်ဖြင့် ခရီးသည်ဦးရေ သုံးသိန်းကျော်သာ ပို့ဆောင်ပေးနိုင်သည်။

မြန်မာနိုင်ငံသို့လာရောက်သည့်  လေကြောင်းခရီးသွားများမှတစ်ဆင့်  COVID-19ရောဂါ  ကူးစက်ခြင်းမှ ကာကွယ်ရန် မြန်မာနိုင်ငံရှိ မည်သည့်လေဆိပ်၌ မဆို နိုင်ငံတကာမှ ခရီးသည်တင် လေယာဉ်များ ဆင်းသက်ခွင့်ကို ၂ဝ၂ဝ ပြည့်နှစ် မတ် ၃ဝ ရက် ည ၁၂ နာရီမှစ၍ ခွင့်မပြုတော့ကြောင်း ထုတ်ပြန်ထားသည်။ 

Read 41 times Last modified on Monday, 06 April 2020 08:17