SJ WorldNews - шаблон joomla Авто

Covid-19 ရောဂါကြောင့် မန္တလေးမြို့ ကျုံးပတ်လည်ကို ယာယီပိတ်ထား

Monday, 06 April 2020 08:20 font size decrease font size decrease font size increase font size increase font size

Covid-19 ရောဂါကြောင့် မန္တလေးမြို့ ကျုံးပတ်လည်ကို ဒေသန္တရ အမိန့်ထုတ်ပြန်၍ ယာယီပိတ်ထားကြောင်း စည်ပင်သာယာ ရဲတပ်ဖွဲ့ (မန္တလေး)မှ သိရသည်။

မန္တလေးမြို့၌ Covid-19 ရောဂါကူးစက်ခံရသူ စတင်တွေ့ရှိသည့် အချိန်က ကျုံးပတ်လည်၌  လူစုလူဝေးမပြုလုပ်ကြရန် ပူးပေါင်းအဖွဲ့များဖြင့် လိုက်လံအသိပေး နှိုးဆော်ထားပြီး ဖြစ်သည့်အပြင် ဧပြီ ၃ ရက်ကလည်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဒေသန္တရအမိန့် ထုတ်ပြန်ကာ ကျုံးပတ်လည် သွားလာခွင့်ကို ယာယီပိတ်ထားသည်။

''မန္တလေးမြို့ ကျုံးပတ်လည်မှာ နံနက်ပိုင်း ကျန်းမာရေးအရ ကိုယ်လက်လှုပ်ရှား အားကစားလုပ်တာအပြင် ညပိုင်းမှာလည်း လူစုလူဝေး မလုပ်ကြဖို့ လိုပါတယ်။ ကျုံးပတ်လည် သွားလာခွင့်ကို ဧပြီ ၃ ရက် ညနေပိုင်းကစပြီးတော့ ယာယီပိတ်ထားလိုက်ပါပြီ''ဟု စည်ပင်သာယာရဲတပ်ဖွဲ့ (မန္တလေး)မှ ရဲမှူး ငြိမ်းချမ်းအောင် ကပြောသည်။

Covid-19 ရောဂါ ကြိုတင်ကာကွယ်သည့် အနေဖြင့် ဧပြီ ၃ ရက် ညနေပိုင်းမှ စ၍ ကျုံးပတ်လည်၌ အနားယူ အပန်းဖြေမှုများ မပြုလုပ်ကြရန် မေတ္တာရပ်ခံသည့် ဗီနိုင်းများကပ်ထားပြီး အပန်းဖြေမှုများနှင့် အသွားအလာများကို ယာယီပိတ်ထားခြင်းဖြစ်ကာ စည်းကမ်းလိုက်နာမှု မရှိပါက တည်ဆဲဥပဒေအရ    အရေးယူမည်ဖြစ်ကြောင်း သိရသည်။

Read 45 times Last modified on Monday, 06 April 2020 08:20