SJ WorldNews - шаблон joomla Авто

အခြေခံပညာ အတန်းများ၏ အောင်စာရင်းကို မူလ သတ်မှတ်ရက်ထက် နောက်ကျ ထုတ်ပြန်မည်

Monday, 06 April 2020 09:05 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဧပြီ  

COVID-19 ကြောင့် သူငယ်တန်းမှန၀မတန်းအထိ စာမေးပွဲအောင်စာရင်းကို ဧပြီ ၂၆ ရက်တွင် အခြေခံပညာကျောင်း များ၌ ထုတ်ပြန် ကြေညာမည်ဖြစ်သော်လည်း မူလသတ်မှတ်ရက်ထက် နောက်ဆုတ်ပြီး ထုတ်ပြန်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဌာန အခြေခံပညာဦးစီးဌာနမှ သိရသည်။

အခြေခံပညာအတန်းများ အောင်စာရင်းကို စတုတ္ထတန်းနှင့် အဋ္ဌမတန်း အပါအ၀င် သူငယ်တန်းမှ န၀မတန်းအထိ စာမေးပွဲ အောင်စာရင်းကို အခြေခံပညာ ကျောင်းများတွင် စစ်ဆေးမှု အနေဖြင့် အတန်းအလိုက် စစ်ဆေးပြီး စီးသော်လည်း  Grade-5 နဲ့  Grade- 9 က မပြီးသေးသည့် အတွက် မူလ ထုတ်ပြန်သည့်ရက် ဧပြီ ၂၆ ရက်ကို မထုတ် ပြန်နိုင် သေးကြောင်း ပညာရေး ၀န်ကြီးဌာန အခြေခံပညာ ဦးစီးဌာနမှ သိရသည်။

အောင်စာရင်း ကြေညာစာ ထုတ်ပြန်ရာတွင်လည်း ခုံအမှတ်၊ အမည်၊ အဘအမည် တို့ကိုသာ ဖော်ပြရန် မြန်မာနိုင်ငံ စာစစ်ဦးစီး ဌာနမှတစ်ဆင့် အခြေခံပညာကျောင်းများသို့ ညွှန်ကြားပြီး ၂၀၁၆-၂၀၁၇ ပညာသင်နှစ်က   အတန်းကူးပြောင်း စာရင်းဟု ထုတ်ပြန်ပေးရန် ညွှန်ကြားခဲ့သော်လည်း ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှစ၍ အောင် စာရင်းဟုသာ ပြောင်းလဲကြေညာရန် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ညွှန်ကြားထားသည်။

ထို့ပြင် စတုတ်္ထတန်း၊ အဋ္ဌမတန်း အောင်/ ရှုံးကို နှစ်ဆုံးစာမေးပွဲတစ်ခုတည်းဖြင့် မဆုံးဖြတ်ဘဲ အခန်းဆုံးစာမေးပွဲ၊ ပထမ နှစ်ဝက်စာမေးပွဲနှင့် ကျောင်းလုပ်ငန်းဆောင်ရွက်မှုရလဒ်ဖြင့် ဆုံးဖြတ်မည်ဖြစ်ပြီး နှစ်ဆုံး စာမေးပွဲရလဒ်ကို ဘာသာ ရပ် တစ်ခုချင်းစီ အလိုက် ရမှတ် ၈၀ မှ ၁၀၀ အထိကို (A) အဆင့်၊ ရမှတ် ၆၀ မှ ၇၉အထိကို (B) အဆင့်၊ ရမှတ် ၄၀ မှ ၅၉ အထိကို (C) အဆင့်၊ ရမှတ် ၃၉ မှတ်နှင့်အောက်ကို (D)အဆင့် (ကျရှုံး) သတ်မှတ်မည်ဖြစ်သည်။

သို့သော် နှစ်ဆုံးစာမေးပွဲ၌ ဘာသာရပ်တစ်ခုတွင် အဆင့် (D)ရနေပါက အခန်းဆုံးစစ်ဆေးမှု (CET)သို့မဟုတ် ပထမနှစ်ဝက် စာမေးပွဲ၌ ထိုဘာသာရပ်တွင် (A) (B)   (C) အဆင့်တစ်ခုခု ရထားပါက ထိုဘာသာရပ်၏ နှစ်ဆုံး စာမေးပွဲရလဒ်ကို  (D)မှ (C) သို့ပြင်ဆင်ပေးမည်ဖြစ်သည်။

ထိုစာမေးပွဲရလဒ်ဖြင့် ဖြည့်ဆည်းသော်လည်း (D) အဆင့်ရ ဘာသာရပ် ကျန်ရှိနေသေးလျှင် တစ်နှစ်ပတ်လုံးကျောင်း လုပ်ငန်း ဆောင်ရွက် မှု (CPR) ရလဒ်ဖြင့် (C) အဆင့်သို့ ပြောင်းပေး မည်ဖြစ်ကြောင်း သိရသည်။

ကျော်လွင်

 

 

 

Read 33 times Last modified on Monday, 06 April 2020 09:06