SJ WorldNews - шаблон joomla Авто

COVID-19 ကြောင့် ရန်ကုန်မြို့ သိမ်ကြီးဈေးရှိ ဆိုင်ခန်းအချို့ ပိတ်သိမ်း

Monday, 06 April 2020 10:09 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဧပြီ 

ရန်ကုန်မြို့ သိမ်ကြီးဈေးရှိ ဆိုင်ခန်းအချို့ ပိတ်သိမ်းထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ သိရသည်။

''သိမ်ကြီးဈေးကို ပိတ်ထားတာတော့ မရှိပါဘူး။ ပုံမှန်အတိုင်းပဲ ဖွင့်ထားပါတယ်။ ၁၂ ရက်နေ့ ကြရင်တော့ သင်္ကြန်ကာလဖြစ်တဲ့ အတွက် ဈေးပိတ်သွားမှာပါ''ဟု သိမ်ကြီးဈေးဒီရုံ တာဝန်ခံ ဦးအုန်းကျော်က ပြောသည်။

လက်ရှိတွင် စားသောက်ကုန်နှင့် ဆေးဝါးများ ရောင်းချသည့်ဆိုင်များနှင့် အခြားလူသုံးကုန်ပစ္စည်း ရောင်းချသည့် ဆိုင်အချို့သာ ပိတ်ထားကြောင်း၊ ပုံမှန်အားဖြင့် သင်္ကြန်မကျခင် တစ်ရက်အလိုတွင် နေ့တစ်ဝက်ပိတ်ပြီး နှစ်ဆန်းနှစ်ရက်တွင် ပြန်လည်ဖွင့်လှစ်ကြောင်း သိရသည်။

''ပြီးခဲ့တဲ့ သုံးလေးရက်လောက်ကတည်းက ဆိုင်တွေ တဖြည်းဖြည်းပိတ်နေကြတာ အခုပိတ်တဲ့ ဆိုင်တွေများလာတယ်။ကျွန်မတို့ ဆေးဆိုင်တွေတောင် ပိတ်တဲ့ဆိုင်တွေရှိတယ်။  ဈေးမှာတော့  အသွားအလာတွေ သိပ်မရှိတော့ဘူး။ ဟိုဘက်က ဈေးရုံတွေဆို ဆိုင်ခန်းတော်တော် များများပိတ်ထားတယ်''ဟု သုခအာရောဂျံ မြန်မာဆေးဆိုင်မှ ဆိုင်ပိုင်ရှင်မအေးမြတ်မွန် ကပြောသည်။

သိမ်ကြီးဈေးသည် ရန်ကုန်တိုင်းဒေသကြီး၏ Down Town ဧရိယာမြို့နယ်များ ဖြစ်သော ပန်းဘဲတန်းနှင့် လသာမြို့နယ်တို့တွင် တစ်ဆက်တည်းတည်ရှိပြီး သိမ်ကြီးဈေး အေရုံ၊ ဘီရုံနှင့် စီရုံတို့သည် ပန်းဘဲတန်းမြို့နယ်တွင် လည်းကောင်း၊ သိမ်ကြီးဈေးဒီရုံနှင့် အီးရုံသည် လသာမြို့နယ်တွင် လည်းကောင်း ပါဝင်ကာ  သိမ်ကြီးဈေးဒီရုံတစ်ခု၌  ဆိုင်ခန်းပေါင်း ၁၂၈၅ ခန်းရှိကြောင်း သိရသည်။                    

Read 29 times Last modified on Monday, 06 April 2020 10:10