SJ WorldNews - шаблон joomla Авто

ကလေးမြို့၌ COVID-19 ရောဂါကြိုတင် ကာကွယ်ရန် Mask ၂ဝဝဝ နှင့် အိတ်ဆောင် Hand Gel များအခမဲ့ပေးဝေ

Monday, 06 April 2020 10:17 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်းဒေသကြီး  ကလေးခရိုင် ကလေးမြို့ ဆန်စက်လုပ်ငန်းရှင်များ အသင်းနှင့် ပရဟိတအဖွဲ့များ ပူးပေါင်း၍ ကလေးမြို့ လမ်းဆုံ၌ ယနေ့နံနက်    နာရီတွင် COVID-19 ရောဂါကြိုတင် ကာကွယ်ရန်အတွက် Mask ၂ဝဝဝ နှင့် ငွေကျပ်ရှစ်သိန်း တန်ဖိုးရှိ အိတ်ဆောင်  Hand  Gel  များ အခမဲ့ ဝေငှပေးခဲ့ကြောင်း သိရသည်။

'' COVID-19  ရောဂါနဲ့ ပတ်သက်ပြီး ကလေးမြို့က အသွားအလာ တော်တော်များတယ်။ COVID-19  ရောဂါနဲ့ ပတ်သက်ပြီး တစ်ခုခုဖြစ်မှာ စိုးရိမ်ရတယ်။   ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ထားတဲ့  COVID-19  ရောဂါ ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်ကိုပါ ဖြန့်ဝေပေးပါတယ်'' ဟု ကလေးမြို့ မေတ္တာဝါဒီ ပရဟိတအဖွဲ့မှ  မယုဝေဝေက  ပြောသည်။

ကလေးမြို့နယ်တွင်  COVID-19  ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ မြို့အဝင်အထွက် အထူးစောင့်ကြပ် စစ်ဆေးခြင်းများကို နေ့ညမပြတ် ဆောင်ရွက်လျက်ရှိရာ ပြည်ပမှ ပြန်ရောက်လာကြသူများကို ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်၍ စစ်ဆေးမှုအပေါ် ပြောင်းလဲလာသည့် အခြေအနေများကို ၁၄ ရက်စောင့်ကြပ်ကြည့်ရှုရာမှ  ရက်ပြည့်မြောက်၍ ပြန်လည် ထွက်ခွာ သူပေါင်း  ၂၇ ဦးရှိပြီး ယနေ့နံနက် ၈ နာရီအထိ ကျန်းမာရေး စစ်ဆေးရန် ရောက်ရှိလာသူ အမျိုးသား ၁၆၁ ဦး၊ အမျိုးသမီး ၂၉  ဦး စုစုပေါင်း ၁၉ဝ ဦးတို့ကို Community Based Facility  Quarantine  အဖြစ်  စောင့်ရှောက်မှု ပေးလျက် ရှိကြောင်း သိရသည်။               

Read 48 times Last modified on Monday, 06 April 2020 10:18