SJ WorldNews - шаблон joomla Авто

သင်္ကြန်ကာလအတွင်း ရက်ပြည့် ဝင်ရောက်မည့် ငါးဖမ်း ရေယာဉ်များကို ရက်တိုးမြှင့်ပေးရန် တင်ပြထား

Monday, 06 April 2020 10:52 font size decrease font size decrease font size increase font size increase font size

ရန်ကုန်တိုင်းဒေသကြီးမှ  ထွက်သည့် ပင်လယ်ငါးဖမ်း ရေယာဉ်များထဲမှ သင်္ကြန်ကာလအတွင်း ရက်ပြည့်ဝင်ရောက်မည့် ငါးဖမ်းရေယာဉ်များ အတွက် ဝင်ရောက်ရမည့်ရက်ကို တိုးမြှင့် သတ်မှတ်ပေးရန် တင်ပြထားကြောင်း မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

''ငါးလုပ်ငန်းဦးစီးဌာနက ပင်လယ်ပြင် ငါးဖမ်းကာလကို  အချိန်နှစ်လ ပေးထားတယ်။ နှစ်လပြည့်ရင် ရန်ကုန်ကိုပြန်ဝင်ရတယ်။ ဒါပေမဲ့ သင်္ကြန်ကာလမှာ နှစ်လပြည့်လို့ဝင်လာရင် ဒီမှာပိတ်ခံရတယ်။ ငါး၊ပုစွန်တွေလည်း ရောင်းလို့မရဘူး။ အဲဒီတော့ အချိန်ကုန်မှာကြောက်လို့  ပင်လယ်ထဲမှာပဲ နေပြီးတော့ ဧပြီ ၂ဝ ရက်လောက်မှာ ဝင်လို့ ရအောင် ခွင့်တောင်းတာပါ''  ဟု အဆိုပါ အသင်းဥက္ကဋ္ဌ ဦးမောင်မောင်စိုး ကပြောသည်။

ဧပြီ ၁ဝ ရက်မှ ၁၉ ရက်အထိ သင်္ကြန် ကာလရုံးပိတ်ရက်များဖြစ်၍ ငါးတင်ငါးချ ဆိပ်ကမ်းများ၌ ငါးရောင်းချခြင်းကို ရပ်နားထားရသည့်အတွက် အဆိုပါ ကာလအတွင်း ရက်ပြည့် ဝင်ရောက်ရသော ငါးဖမ်းရေယာဉ်များ  ကမ်းကပ်ရန် စောင့်ဆိုင်းနေရသဖြင့် ဖမ်းဆီးရမိသည့် ငါး၊ ပုစွန်များ  အရည်အသွေး ကျဆင်းနိုင်ကြောင်း၊  ထို့ကြောင့်     ယခင်နှစ်များနည်းတူ သင်္ကြန်ကာလအတွင်း ရက်ပြည့်ဝင်ရောက်မည့်  ငါးဖမ်းရေယာဉ်များကို ရက်တိုးမြှင့် သတ်မှတ်ပေးရန် တင်ပြခြင်းဖြစ်ကြောင်း သိရသည်။

Read 47 times Last modified on Monday, 06 April 2020 10:55