SJ WorldNews - шаблон joomla Авто

ဥက္ကလာပစေတီတော် ရှေးဟောင်းခုနစ်ဆူဘုရားနှင့် အောင်တော်မူ စေတီဝင်းအား ၁ဝ ရက်တာ ယာယီပိတ်မည်

Monday, 06 April 2020 10:58 font size decrease font size decrease font size increase font size increase font size

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်ရှိ    ဥက္ကလာပစေတီတော်   ရှေးဟောင်းခုနစ်ဆူ ဘုရားနှင့် အောင်တော်မူ စေတီဝင်းကို ဧပြီ ၁ဝ ရက်မှ ၁၉ ရက်အထိယာယီပိတ်ထားမည် ဖြစ်ကြောင်း အဆိုပါ ဘုရားဂေါပကအဖွဲ့မှ သိရသည်။

COVID-19 ရောဂါ  ကူးစက်မှုမှ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်  ပြည်သူလူထုအား ယင်းကာလအတွင်း နေအိမ်များ၌သာ နေထိုင်ကြရန်  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဧပြီ ၄ ရက်က  ထုတ်ပြန်ခဲ့ရာ ဂေါပကအဖွဲ့မှ အစည်းအဝေး ခေါ်ယူပြီး ၁ဝ ရက်တိတိပိတ်ထားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

''အရင်နှစ်တွေကတော့ သင်္ကြန်ကာလဆိုရင်  ဘုရားဖူးလာသူတွေနဲ့  စည်ကားတယ်။  ဒီနှစ်မှာ COVID-19 ရောဂါနဲ့ ပတ်သက်လို့ နိုင်ငံတော်ကလည်း Home  Stay လုပ်ခိုင်းပြီ ဆိုတော့  ကျွန်တော်တို့ ဂေါပကတွေလည်း အစည်းအဝေး ခေါ်ယူညှိနှိုင်းပြီး   ဆုံးဖြတ်ချက် ချလိုက်တာပါ။

ဝန်ထမ်းတွေလည်း နားရက်ပေးရမယ် ဆိုတော့  လုံခြုံရေးအရ  ယာယီပိတ်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်''  ဟု   အဆိုပါဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာအေးကို ကပြောသည်။

ထို့ပြင်  ဘုရားဖူးချိန်အဖြစ် ဧပြီ  ၁ဝ ရက်မတိုင်မီ  နံနက် ၉ နာရီမှ  ညနေ ၄ နာရီအထိ  သတ်မှတ်ထားပြီး  ဧပြီ  ၁၉ ရက်တွင်လည်း   ယင်းအချိန်အတိုင်းသာ ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။  ထိုသို့  သင်္ကြန်ကာလ ၁ဝ ရက်တာ ယာယီပိတ်ထားမည် ဖြစ်သော်လည်း ဘုရားဝင်းလုံခြုံရေး အတွက်  လုံခြုံရေးများနှင့်   ဂေါပက အဖွဲ့ဝင်များ အလှည့်ကျတာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Read 47 times Last modified on Monday, 06 April 2020 10:59