SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါကြောင့် ပုသိမ်ထီးလုပ်ငန်းများရပ်ဆိုင်းနေ

Tuesday, 07 April 2020 10:16 font size decrease font size decrease font size increase font size increase font size

ပုသိမ်၊ စီးပွားရေး

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ်(၃)ရပ်ကွက် တောရကျောင်းလမ်းတွင် အစဉ် အဆက်ဆောင်ရွက်ခဲ့သော မြန်မာ့ရိုးရာ ပုသိမ်ထီးလုပ်ငန်းများမှာ လက်ရှိအချိန်တွင် COVID-19 ရောဂါကြောင့် လုပ်ငန်းများ ရပ်ဆိုင်းထားရကြောင်း ပုသိမ်ထီးလုပ်ငန်းရှင်များထံမှ သိရ သည်။

''ကျွန်တော်တို့ ပုသိမ်ထီးလုပ်ငန်းက ပွင့်လင်းရာသီရောက်လာပြီဆိုရင် ရောင်းအားကောင်း လေ့ရှိပါတယ်။ ဒီနှစ်ပွင့်လင်းရာသီအစမှာတော့ ပုသိမ်ထီးရောင်းအား ကောင်းခဲ့ပေမယ့်လည်း အခုအချိန်မှာ COVID-19 ရောဂါကြောင့် ပြည်တွင်းပြည်ပခရီးသွား လာမှုများနည်းပါးသွားပြီး ဝယ်ယူမှုကျဆင်းသွားသဖြင့် ပုသိမ်ထီးလုပ်ငန်းများ ယာယီရပ်ဆိုင်းထားရပါတယ်'' ဟု ပုသိမ် ထီးလုပ်ငန်း လုပ်ကိုင်သူ ကိုသိန်းနိုင်က ပြောသည်။

ယခုအခါ ပုသိမ်ထီးကို နယ်မှမှာယူသူတွေရှိသော်လည်း ချောင်းသာ၊ ငွေဆောင်ဂေါ်ရန်ဂျီကျွန်း  စသည့် အပန်းဖြေနေရာများကို ပိတ်ထားသည့်အတွက် ပြည်တွင်းပြည်ပ ခရီးသွားများလာ ရောက်လည်ပတ်မှု နည်းပါးသောကြောင့် ရောင်းအားကျဆင်းသွားခြင်းဖြစ်ပြီး အပန်းဖြေစခန်း များပြန်ဖွင့်ပါက ရောင်းအားပြန်ကောင်းလာမည်ဖြစ်ကြောင်း ပုသိမ်ထီးလုပ်ငန်းရှင် မနီနီထံမှ သိရသည်။

(၄ဝ၇)

Read 38 times Last modified on Tuesday, 07 April 2020 10:57