SJ WorldNews - шаблон joomla Авто

မြန်မာ့ပင်လယ်ငါးလုပ်ငန်း ငါးဖမ်း ဧရိယာများအတွင်း ကမ်းဝေးငါးဖမ်း ရေယာဉ်များကို ငါးမဖမ်းရ ကာလသတ်မှတ်

Thursday, 09 April 2020 11:20 font size decrease font size decrease font size increase font size increase font size

ငါး၊ ပုစွန်သားပေါက်ပွားသည့် ရာသီချိန်တွင် ငါးနှင့် သက်ရှိသယံဇာတများ ထိန်း သိမ်းရေး အတွက် မြန်မာ့ပင်လယ်ငါး လုပ်ငန်း ရေပြင်အတွင်းရှိ  ငါးဖမ်းဧရိယာများအတွင်း ကမ်းဝေးငါးဖမ်း ရေယာဉ်များကို ငါးမဖမ်းရကာလ သတ်မှတ်လိုက်ကြောင်း  ငါးလုပ်ငန်း ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူး ၏ပြောပြချက်အရ သိရသည်။

ငါးမဖမ်းရကာလကို  ဇွန် ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ သတ်မှတ်ထားပြီး ငါးမဖမ်းရ ဧရိယာကိုလည်း   သတ်မှတ်ထားသည်။

''ဇွန်၊ ဇူလိုင်နဲ့ သြဂုတ်လတွေကို ငါးမဖမ်းရ ကာလအဖြစ် သတ်မှတ်လိုက်ပါတယ်။ ဒါပေမဲ့ COVID-19 ရောဂါကြောင့်ဆိုပြီး  ရက်ရွှေ့ပေးဖို့ တောင်းဆိုထားတာတွေတော့ ရှိပါတယ်။  သူတို့က မေ၊ ဇွန်နဲ့ ဇူလိုင်လကို သတ်မှတ်ဖို့ တင်ပြလာကြတယ်'' ဟု ဦးမြင့်ဇင်ထူးကပြော သည်။

မြန်မာ့ပင်လယ်ပြင်တွင် ငါးဖမ်းထွက်သည့်    ကမ်းဝေးငါးဖမ်းရေယာဉ်များ အားလုံးကို  နှစ်စဉ်  ငါးမဖမ်းရကာလ သတ်မှတ်ရာ  ယခင်နှစ်က  ငါးမဖမ်းရ ကာလကို သုံးလအပြည့် ပိတ်သည့်အတွက် ငါးဖမ်းကာလ ပြန်ဖွင့်ချိန်တွင် ပင်လယ်ငါး ပေါများစွာ ဖမ်းဆီးရမိကြောင်း သိရသည်။

Read 37 times Last modified on Thursday, 09 April 2020 11:23