SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါကာကွယ်ရေး အလိုအလျောက် ဆေးဖျန်းစက်လှူဒါန်း

Thursday, 09 April 2020 11:48 font size decrease font size decrease font size increase font size increase font size

မုံရွာ၊ ကျန်းမာရေး

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြု အလိုအလျောက် ဆေးဖျန်းစက်ကို ဧပြီ ၈ ရက်နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး သို့လာရောက် လှူဒါန်းကြောင်း သိရသည်။

အဆိုပါ အလိုအလျောက်ဆေးဖျန်းစက်ကို မုံရွာနည်းပညာတက္ကသိုလ် ကျောင်းသားလေးဦး၏ နည်းပညာနှင့် SAVE MONYWA အဖွဲ့၏ ငွေကြေးအကူအညီဖြင့် ပေါင်းစပ်တီထွင် ထုတ် လုပ်ခြင်း ဖြစ်ပြီး ဆေးဖျန်းစက်အား COVID-19 ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် လာရောက်လှူဒါန်းခြင်း ဖြစ်သည်။

''ခရိုင်တွေကို ဖြန့်ဝေပေးဖို့ အလိုအလျောက်ဆေးဖျန်းစက် ၁ဝ ခုလည်း ဆက်လက်မှာ ယူထားပါတယ်။ အဲဒီထုတ်လုပ်မှုအတွက် ကုန်ကျစရိတ်လိုအပ်တဲ့ ပစ္စည်းတွေကို တိုင်းဒေသ ကြီးအစိုးရအဖွဲ့က ထုတ်ပေးမှာဖြစ်ပြီး ကျွန်တော်တို့က တည်ဆောက်မှုနဲ့ နည်းပညာအကူ အညီတွေပေးသွားမှာဖြစ်ပါတယ်။ ကုန်ကျမှုကတော့ စမ်းသပ်ထုတ်လုပ်တာ ဖြစ်တဲ့အတွက် ငွေကျပ်လေးသိန်းလောက် ကုန်ကျပါတယ်၊ နောက်ပိုင်း ထုတ်လုပ်မယ့်ဟာတွေကတော့ အဲဒီလောက်တော့ မကုန်တော့ပါဘူး''ဟု SAVE MONYWA အဖွဲ့ကို ဦးဆောင်တည်ထောင်သူ ကိုအောင်နေမျိုးက ပြောသည်။

တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁ဝ ခုသို့တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် ဖြန့်ဝေပေး နိုင်ရန် အလိုအလျောက် ဆေးဖျန်းစက် ၁ဝ ခုကို ထပ်မံမှာယူထားကြောင်း သိရသည်။

(၆၁၁)

Read 39 times Last modified on Thursday, 09 April 2020 11:50