SJ WorldNews - шаблон joomla Авто

ကွန်ကရစ်လမ်းခင်းကျင်းနေမှုကြည့်ရှုစစ်ဆေး

Thursday, 09 April 2020 11:50 font size decrease font size decrease font size increase font size increase font size

မင်းလှ  ဧပြီ 

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့ ပြည်တော်သာလမ်း ကွန်ကရစ်လမ်းအဖြစ် အဆင့်တိုးမြှင့်ခြင်း လုပ်ငန်းများ  ဆောင်ရွက်နေမှုကို ယမန်နေ့က တာဝန်ရှိသူများကွင်းဆင်း ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။

ထိုသို့ကွင်း ဆင်းစစ်ဆေးရာတွင် မင်းလှမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကြီး၊   မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးကြည်ဌေးနှင့် ကော်မတီ အဖွဲ့ ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်း များက ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၏ ခွင့်ပြုငွေလုံးငွေရင်းရန်ပုံ ငွေကျပ် ၆၆၆ ဒသမ ၁ သိန်းဖြင့် မင်းလှမြို့ ပြည်တော်သာလမ်း အရှည်ပေ ၂ဝဝဝ၊ အကျယ် ၁၈ ပေ၊ ထု ၉ လက်မ ကွန်ကရစ်လမ်းအဖြစ် ခင်းကျင်းဆောင်ရွက်နေမှုကို သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ လုပ်ငန်းအရည်အသွေးပြည့်မီမှု ရှိ၊ မရှိ ကြည့်ရှုစစ်ဆေးပြီး ဆောင်ရွက် နေသည့် ကွန်ကရစ်လမ်းအား ရပ်ကွက်နေပြည်သူများ ရေရှည်သွားလာ အသုံးပြုနိုင်ရန်နှင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများက လက်ရှိ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် အချိန်မီပြီးစီးရေး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအတွက် ပစ္စည်းစုဆောင်းထားရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ယခုဘဏ္ဍာနှစ်တွင် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်း သာယာလှပစေရေး ယခုဆောင်ရွက်နေသည့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း အပါအဝင် မြို့ပြလုပ်ငန်း ခြောက်ခု၊ မြို့ပြတံတား လုပ်ငန်းသုံးခု၊ ရေပေးဝေရေးလုပ်ငန်း ခြောက်ခုနှင့်  အခြားဖွံ့ဖြိုးရေး လုပ်ငန်းသုံးခု စုစုပေါင်း မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်း ၁၈ ခုကို ဌာနခွင့်ပြု ငွေလုံး ငွေရင်း ရန်ပုံငွေကျပ် ၂၈၃ ဒသမ ၃၄၇ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ရဲဝင်းနိုင်(ညောင်ဦး)

Read 45 times Last modified on Thursday, 09 April 2020 11:52