SJ WorldNews - шаблон joomla Авто

နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိဘဲ လမ်းပေါ်သွားလာနေသူများအား အရေးယူ

Friday, 22 May 2020 08:26 font size decrease font size decrease font size increase font size increase font size

 

ဧရာဝတီတိုင်းဒေသကြီး  မြောင်းမြမြို့၌ နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိဘဲ လမ်းမပေါ်သွားလာနေသူ များကို မေ ၂၁ ရက် နံနက်မှစတင်၍ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

''လမ်းမပေါ်သွားလာနေသူ ပြည်သူတွေ နှာခေါင်းစည်းတပ်ဆင်ဖို့ လိုက်နာမှုမရှိတဲ့အတွက် COVID-19  ရောဂါကူးစက်ပျံ့နှံ့နိုင်ပါတယ်။ နေ့စဉ် ပြည်သူလူထုကို အသိပေးတဲ့အနေနဲ့ရော သက်သက်သာသာ ဝယ်နိုင်အောင်အတွက်ပါ စီစဉ်ဆောင်ရွက်ထားပါတယ်''ဟု မြောင်းမြမြို့နယ် COVID-19  ရောဂါတား ဆီးကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။

 

မြောင်းမြမြို့နယ်အတွင်း COVID-19  ကူးစက်မှုမရှိစေရေးနှင့် ရောဂါကာကွယ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့သွားလာပါက နှာခေါင်းစည်းများမဖြစ်မနေအသုံးပြုရေး ပညာပေးမှုကာလပြီးဆုံးပြီး နောက်ပိုင်း မေ ၂၁  ရက် နံနက်မှစတင်ကာ နှာခေါင်းစည်းမတပ်ဆင်ပါက သုံးခုလျှင် ငွေကျပ် ၃ဝဝဝဝ နှုန်း အခုဝယ် အခုတပ်စနစ်ဖြင့် ပြစ်ဒဏ်သဘော ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။               

 

Read 45 times Last modified on Friday, 22 May 2020 08:32