Print this page

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းခွင်အတွင်း Online စနစ်ဖြင့်ကြည့်ရှုစစ်ဆေး

Friday, 22 May 2020 08:38 font size decrease font size decrease font size increase font size increase font size

 

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ဒေသအတွင်း ဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို Online  စနစ် ဖြင့် ကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ မွန်ပြည်နယ်  ဒေသဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူး ညွှန်ကြားရေးမှူး ဦးဇော်လင်းက ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ကျိုက်မရောမြို့နယ် ဖားဘောင် လိုဏ်ဂူတော်အဝင်လမ်း ၁/၂ ဒသမ ၂ မိုင်  မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ မြေသားလမ်းပြီးစီးမှု၊ ကွန်ကရစ် တံတားသုံးစင်းပြီးစီးမှု၊ ကွန်ကရစ်ရေပြွန် ငါးစင်းပြီးစီးမှုနှင့် တာဝန် ရှိသူများ၏အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့် ဇွန်လအတွင်း ရာနှုန်းပြည့်ပြီးစီးအောင် အကောင်အထည် ဖော် ဆောင်ရွက်နေမှုများ၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူး ညွှန်ကြားရေးမှူး ဦးအေးကိုက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယ မြို့နယ်ရှိ ရေဖြူအရှေ့စု-ရေဖြူအလယ်စု- ရေဖြူအနောက်စု-ကျောက်တောမြောက်- ကျောက်တောတောင်ကျေးရွာချင်းဆက် လမ်း  ၁/၆ မိုင် ကျောက်လမ်းခင်းခြင်း လုပ်ငန်းပြီးစီးနေမှုအခြေအနေများ၊ သတ်မှတ်  စံချိန်စံညွှန်းလုပ်ငန်းအရည်အသွေး၊ ဘဏ္ဍာရေးစည်း မျဉ်းစည်းကမ်းများနှင့်အညီ Time  Frame ရေးဆွဲဆောင်ရွက်နေမှုအခြေအနေများ၊ လုပ်ငန်းတည် ဆောက်ပြီးစီးခဲ့မှုမှတ်တမ်းများ၊ တည်ဆောက်ဆဲအခြေအနေများကို   အသေးစိတ်ရှင်းလင်းတင်ပြကြ သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် နယ်စပ်ဒေသ လူငယ်လူရွယ်များ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အဓိကလုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ခွင့်ပြုပေးသည့်ရန်ပုံငွေဖြင့်သာမက နိုင်ငံတကာ အဖွဲ့အစည်းများ၊ မိတ်ဖက်နိုင်ငံများ ၏ထောက်ပံ့ကူညီမှုများဖြင့် မိမိတို့လုပ်ငန်း တာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကို ခွင့်ပြုချက်ရလျှင်ရချင်း နိုင်ငံတော်သမ္မတရုံး၏ တင်ဒါလုပ်ထုံးလုပ်နည်း ဆိုင်ရာ လမ်းညွှန်ချက်(၁/၂ဝ၁၇)နှင့်အညီ ဘဏ္ဍာရေးနှစ်အစတွင် တင်ဒါခေါ်ယူလုပ်ငန်း အပ်နှံခြင်းများကို ဆောင်ရွက်နိုင်ခဲ့သဖြင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့် အညီ အချိန်မီပြီးစီးရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ဖွံ့ဖြိုး မှုကြီးကြပ်ရေးမှူးများ၊ ခရိုင်မှူးများ၊ မြို့နယ်မှူးများ အနေဖြင့် COVID-19  ရောဂါ ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီ တိတိကျကျလိုက်နာပြီး မိမိတို့ဒေသအတွင်း   အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားရန်မှာကြားသည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်၊ သက်ဆိုင်ရာ ပြည်နယ်အစိုးရ၏   ညှိနှိုင်းတင်ပြချက်၊   ဒေသခံပြည်သူလူထုတို့၏  ပကတိလိုအပ်ချက်၊ လွှတ်တော် ကိုယ်စားလှယ်များ၏ တင်ပြချက်များအပေါ်အခြေခံပြီး နှစ်စဉ်  နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို    လျာထားဆောင်ရွက်လျက်ရှိရာ ၂ဝ၁၉- ၂ဝ၂ဝ ဘဏ္ဍာနှစ်တွင် မွန်ပြည်နယ်အတွင်း     မြေလမ်း ၆ မိုင်၊ ကျောက်လမ်း ၂၂/၂ မိုင်၊  ကတ္တရာလမ်း ၃ မိုင်၊ ကွန်ကရစ်လမ်း ၁ မိုင်၊ တံတား ကြီး/ငယ်/လတ် ၁၂ စင်း၊   Box Culvert ၁၈ စင်း၊  စိုက်ပျိုးရေ၊ သောက်သုံးရေရရှိရေးလုပ်ငန်း ၁ဝ ခု၊ တန်ဖိုးနည်းအိမ်ရာ ၁၂ လုံးတို့ကို     စုစုပေါင်းရန်ပုံငွေကျပ် ၄၃ဝ၆ ဒသမ ၄၉၈ သန်းဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း မြေလမ်း ၁၁/၆ မိုင်၊ ကျောက်လမ်း ၂၃/၆ မိုင်၊ ကတ္တရာလမ်း ၂ မိုင်၊ တံတားကြီး/ငယ်/ လတ်ငါးစင်း၊ Box Culvert  ၃၉ စင်း၊

 

စွမ်းအင်မီးသွယ်တန်းခြင်းလုပ်ငန်း ၅/၄ မိုင် တို့ကို စုစုပေါင်းခွင့်ပြုရန်ပုံငွေကျပ် ၄၄၄ဝ ဒသမ ၇ဝ၂ သန်း ဖြင့်လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

Read 44 times Last modified on Friday, 22 May 2020 08:47