SJ WorldNews - шаблон joomla Авто

မော်လိုက်မြို့မဈေးကြီး ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း ဈေးဝယ်သူနည်းပါး

Friday, 22 May 2020 08:53 font size decrease font size decrease font size increase font size increase font size

 

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့၌ COVID-19   ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယာယီပိတ်ထားခဲ့သည့် မြို့မဈေးကြီးကို  မေ ၁၈  ရက်က ပြန်လည်ဖွင့်လှစ်ပေးသော်လည်း ဈေးဝယ်သူ နည်းပါး၍ ဈေးဆိုင်များရောင်းအားကျဆင်းမှုများနှင့် ရင်ဆိုင်နေကြရကြောင်း  သိရသည်။

 

''ဈေးကတော့ မပိတ်ခင်ကာလတုန်းကလောက် ရောင်းမကောင်းဘူး။  ဈေးသည်တွေအားထားရတဲ့  ရွာတွေဘက်ကလည်းဈေးဝယ်လာသူတွေ  ပုံမှန်အချိန်တုန်းကလောက် မလာကြတော့ဘူး။ ပွဲလမ်း သဘင်တွေကလည်း  မလုပ်ရ၊  ဒါပြီးတော့လည်း မြို့မဈေးကြီးထဲမှာ   အဝတ်အထည်တွေ၊ လျှပ်စစ် ပစ္စည်းတွေ၊  လူအသုံးအဆောင်ပစ္စည်းတွေသာ ရောင်းချခွင့်ပြုထားပြီးအသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက် တွေကိုယာယီပျံကျဈေးမှာရောင်းချဖို့ ဖွင့်လှစ်ထားဆဲဆိုတော့ လူတွေက ဈေးအတွင်းကိုမလာတော့ဘဲ      ဟင်းချက်စရာတွေကိုသာဝယ်ယူပြီးပြန်ကြတဲ့အတွက် အရင်လောက်မရောင်းရတော့ တာဖြစ်ပါတယ်'' ဟု  မြို့မဈေးကြီးအတွင်း ဈေးရောင်းချနေသူတစ်ဦးက ပြောသည်။

 

မော်လိုက်မြို့နယ်၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအနေဖြင့် မြို့မဈေးကြီးကို  ဧပြီ ၁၃ ရက်မှစတင်၍၃၅ ရက်ကြာ ယာယီပိတ်ထားခဲ့ပြီး မေ ၁၈ ရက်တွင် မှတ်ပုံတင်ဆိုင်ခန်း ၂၂၅ ခန်း ကိုသာ မြို့မဈေးကြီးအတွင်းဖွင့်လှစ်ရောင်းချနိုင်ရန် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ လူစုလူဝေး မဖြစ်စေရန်  ပျံကျဈေးသည်များကို   မြို့မဈေးကြီးအတွင်း ပြောင်းရွှေ့ရောင်းချခွင့်မပြုသေးဘဲ ယာယီ ပျံကျဈေး၌သာ အချိန်အကန့်အသတ်ဖြင့် ဆက်လက်ရောင်းချခွင့် ပြုထားဆဲဖြစ်ကြောင်းနှင့် မြို့နယ် စည်ပင်သာယာရေးကော်မတီအနေဖြင့် ဈေးရောင်းဈေးဝယ်ပြည်သူများ ရောဂါကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရန်ဈေးအဝင်ပေါက်များ၌   ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်း၊  နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်း၊ ကျန်းမာရေးအသိပညာပေးနှိုးဆော်ချက်များကို ပြသထားခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 

Read 25 times Last modified on Friday, 22 May 2020 08:53