Print this page

သမုတ်-လွတ်လွတ်တံတားတည်ဆောက်ရေးစီမံကိန်း ၉၄ ရာခိုင်နှုန်းပြီးစီး

Friday, 22 May 2020 08:59 font size decrease font size decrease font size increase font size increase font size

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ ထားဝယ်-မြိတ်လမ်းပေါ်၌တည်ဆောက်လျက်ရှိသော သမုတ်-လွတ်လွတ်တံတားတည်ဆောက်ရေးစီမံကိန်း ၉၄ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း တံတား တည်ဆောက်ရေးအဖွဲ့(၄)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးထံမှသိရသည်။

 

အဆိုပါသမုတ်-လွတ်လွတ်တံတားကိုဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေး အဖွဲ့(၄)မှ ညွှန်ကြားရေးမှူး(မြို့ပြ)ဦးကျော်မျိုးထွန်းနှင့် တံတားတည်ဆောက်ရေးအဖွဲ့က တာဝန်ယူ၍ ၂ဝ၁၇ ခုနှစ် သြဂုတ် ၁ ရက်မှစတင်ကာ တည်ဆောက်လျက်ရှိရာ ယခုအခါ ချဉ်းကပ်လမ်း အပါအဝင်ဆောက်လုပ်ရေးစီမံကိန်းလုပ်ငန်း၏ ၉၄ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း တံတားတည် ဆောက်ရေးအဖွဲ့(၄)မှလက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးထံမှသိရသည်။

 

ယင်းသမုတ်-လွတ်လွတ်တံတား၏အရှည်မှာ ၁၂၈၇ ပေရှိပြီး ယာဉ်သွားလမ်းအကျယ် ၂၄ ပေရှိကာ လူသွားလမ်းအကျယ်တစ်ဖက်သုံးပေဖြင့် တည်ဆောက်လျက်ရှိရာ တံတား၏ခံနိုင်ဝန်မှာ ၇၅ တန်ခံနိုင် ဝန်ရှိကြောင်းသိရသည်။

 

အဆိုပါတံတားနှင့် ချဉ်းကပ်လမ်းအပါအဝင် စုစုပေါင်းရန်ပုံငွေကျပ်သန်း ၁၁၈ဝဝ ဖြင့် တည်ဆောက် လျက်ရှိပြီး တံတားသီးသန့်ရန်ပုံငွေကျပ် ၁ဝ ဒသမ ၈ ဘီလီယံဖြင့်တည်ဆောက်လျက်ရှိရာ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အထိ တနင်္သာရီတိုင်းဒေသကြီး ထောက်ပံ့ရန်ပုံငွေကျပ်သန်း ၆၃၆၆ ဒသမ၃၉၂ ဖြင့် လည်းကောင်း၊ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်တွင်  ပြည်ထောင်စုထောက်ပံ့ရန်ပုံငွေကျပ်သန်း ၁ဝဝဝ နှင့် တနင်္သာရီတိုင်းဒေသကြီး  ထောက်ပံ့ရန်ပုံငွေကျပ် ၄၄၃၃ ဒသမ ၆ဝ၈ သန်းဖြင့် လည်းကောင်း တည်ဆောက်လျက်ရှိသည်။

 

ယင်းတံတားတည်ဆောက်ပြီးစီးပါက မြိတ်-ထားဝယ်-ရန်ကုန်ခရီးသည် တင်ယာဉ်နှင့် ကုန်တင်ယာဉ် များ၊ ခရီးသွားများ ရှောင်ကွင်းလမ်းမှဖြတ်သန်းသွာလားမှုထက် ၁၁ မိုင်ခန့် ယာဉ်မောင်းချိန် ၄၅ မိနစ် ခန့်သက်သာမည်ဖြစ်ပြီး အနီးအနားကျေးရွာများမှ ဒေသခံများလည်း ကူးတို့ကူးသွားလာမှု အန္တရာယ် ကင်း၍  ခရီးသွားလာမှုများလည်း  လွယ်ကူအဆင်ပြေစွာ သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

Read 47 times Last modified on Friday, 22 May 2020 09:00