SJ WorldNews - шаблон joomla Авто

ဧပြီလအတွင်း ပြည်တွင်းအလုပ်အကိုင်ရရှိသူဦးရေ ၉ဝဝဝ ကျော်သာရှိ

Friday, 22 May 2020 09:04 font size decrease font size decrease font size increase font size increase font size

 

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလဖြစ်သည့် ဧပြီလအတွင်း ပြည်တွင်းအလုပ်အကိုင် ရရှိသူဦးရေ ၉ဝဝဝ ကျော်သာရှိခဲ့ပြီး ယခင်လများထက် လျော့နည်းခဲ့ကြောင်း အလုပ်သမား ညွှန်ကြားမှု ဦးစီး ဌာနမှ သိရသည်။

 

''ဧပြီလက   ပိတ်ရက်တွေလည်းများတယ်၊ COVID-19 ရောဂါကာလလည်းဖြစ်တော့ အလုပ်တွေ ပိတ် ထားရတယ်။ ဒီတော့ အလုပ်အကိုင်ရရှိမှု အရင်လတွေထက်လျော့နည်းသွားတယ်။ ပြည်ပနိုင်ငံတွေက လည်း     မြန်မာအလုပ်သမားတွေ ပြည်ပသွားရောက်လုပ်ကိုင်ခွင့်ကို မတ်လလယ်ပိုင်းက စပြီးရပ်နား လိုက်တာဆိုတော့ ဧပြီလမှာ စာရင်းမရှိဘူး''ဟု အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

 

ယခင်လများက ပြည်တွင်းအလုပ်အကိုင် ရရှိမှုအရေအတွက်မှာ တစ်လလျှင် ပျမ်းမျှ လူဦးရေ ၂၅ဝဝဝ နှင့် ၃ဝဝဝဝ ကြား ပုံမှန်ရှိသော်လည်း ဧပြီလတွင် လူဦးရေ ၉ဝဝဝ ကျော်သာရှိပြီး  အဆမတန်လျော့ နည်းခဲ့သည်။  အလုပ်အကိုင်ရရှိခဲ့သည့်   အလုပ်သမားဦးရေ ၉ဝဝဝ ကျော်အနက် ရန်ကုန်တိုင်းဒေသ ကြီး၌ အလုပ်အကိုင်ရရှိသူဦးရေ ၆ဝဝဝ ခန့်၊ ပဲခူးတိုင်းဒေသကြီး၌   ၂ဝဝဝ ခန့်ဖြင့် ဖြစ်ခဲ့ကာ မန္တလေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး  စသည့်ဒေသများ၌  အလုပ် အကိုင်ရရှိသူ အနည်းငယ်ရှိခဲ့သည်။

 

ရန်ကုန်တိုင်းဒေသကြီး၌ အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းများ   ပြန်လည်ဖွင့်လှစ် လုပ်ကိုင်ခွင့်ရရှိနေ သော်လည်း   အလုပ်လျှောက်ထားမှု အနည်းငယ်သာရှိနေသေးကြောင်း၊   ပြည်တွင်းအလုပ်အကိုင် ရရှိမှုလျော့နည်းလာခြင်းသည်     လုပ်ငန်းတချို့ယာယီပိတ်သိမ်းထားခြင်းနှင့် ဧပြီလအတွင်း   သင်္ကြန် ပိတ်ရက်ရှည်ရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။

 

Read 38 times Last modified on Friday, 22 May 2020 09:05