SJ WorldNews - шаблон joomla Авто

ဝန်းသိုမြို့တွင် ရွာတွင်းကွန်ကရစ်လမ်းဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

Friday, 22 May 2020 09:07 font size decrease font size decrease font size increase font size increase font size

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ်မော်နိုင်းအုပ်စု အင်ပင်ကျေးရွာတွင် ရွာတွင်းလမ်းများအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို မြို့နယ်ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးမြတ်မျိုးထွန်း၊ အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်ဇာဇာထွန်းနှင့် တာဝန်ရှိသူများသည် မေ ၂ဝရက်က  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ယခုနှစ် မတ် ၁၁ ရက်မှစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ထောက်ပံ့ငွေကျပ်သိန်း ၁ဝဝ နှင့်ပြည်သူလူထုထည့်ဝင်ငွေကျပ် ၁၈ သိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီကတာဝန်ယူ၍ ကျေးရွာလူထုကိုယ်တိုင် ဆောင်ရွက်ခဲ့ရာ အဆိုပါ လမ်းမှာအရှည်ပေ ၁၇ဝဝ၊ အကျယ် ၃ ပေနှစ်ဖက်၊ ထု ၆ လက်မဖြစ်ကြောင်း သိရသည်။

 

အင်ပင်ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအပြင် အခြားလမ်းသွယ်များကိုလည်း ဂျင်းမြေ ခင်းခြင်းလုပ်ငန်းဆောင်ရွက်နိုင်ခဲ့သဖြင့် အိမ်ခြေ ၃၆ အိမ်၊ လူဦးရေ ၂၁၉ ဦးတို့အတွက် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများတွင် များစွာအထောက်အကူပြုနိုင်ပြီး သွားလာရေး အဆင်ပြေသွားပြီဖြစ်ကြောင်း   သိရသည်။

 

Read 37 times Last modified on Friday, 22 May 2020 09:10