SJ WorldNews - шаблон joomla Авто

စင်ကာပူနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်

Friday, 22 May 2020 09:15 font size decrease font size decrease font size increase font size increase font size

 

နိုင်ငံတကာခရီးသည်တင်လေယာဉ်များ  ပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား၁၄၅ ဦးအား  ပဉ္စမအသုတ်အဖြစ်  မြန်မာအမျိုးသား လေကြောင်းလိုင်း(Myanmar National Airlines-MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မေ ၂၁ ရက် ညနေ ၄နာရီ ၁၅ မိနစ်တွင် အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

 

ထို့ပြင်  ဗီယက်နမ်နိုင်ငံတွင် အခက်အခဲဖြစ်နေသည့်  မြန်မာနိုင်ငံသားကိုးဦးကိုလည်း မြန်မာနိုင်ငံ ရောက် ဗီယက်နမ်နိုင်ငံသားများအား လာရောက်ခေါ်ဆောင်သည့် Vietjet    ကယ်ဆယ်ရေးလေယာဉ် ဖြင့်  ပြန်လည်ခေါ်ဆောင်ရန်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ   မြန်မာနိုင်ငံသားကိုးဦးသည်  ယနေ့ မွန်းလွဲ၁၂ နာရီ ၄၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိ ခဲ့ကြသည်။   

 

အဆိုပါမြန်မာနိုင်ငံသားတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ် ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် ၂၁ ရက်တာ အသွားအလာကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့ကြသည်။

 

ပြည်ပနိုင်ငံများ၌ အခက်အခဲတွေ့နေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ရန် (COVID-19) ကာကွယ်၊ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ နိုင်ငံများရှိ မြန်မာသံရုံး များနှင့် ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အချိန်ထိမြန်မာအစိုးရအနေဖြင့် ပြည်ပ နိုင်ငံများတွင်ရောက်ရှိပိတ်မိနေသည့် မြန်မာနိုင်ငံသားစုစုပေါင်း ၂ဝ၃၇ ဦးအား မြန်မာနိုင်ငံသို့ အဆင်ပြေ ချောမွေ့စွာပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

Read 40 times Last modified on Friday, 22 May 2020 09:19