SJ WorldNews - шаблон joomla Авто

အလုံနှင့် ကျွန်းချောင်းဓာတ်အားပေးစက်ရုံစီမံကိန်းတို့မှ နိုင်ငံတော်ဓာတ်အားစနစ်သို့ လျှပ်စစ်ဓာတ်အားများ စတင်ပို့လွှတ်

Friday, 22 May 2020 09:20 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော်  မေ  ၂၁

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ မူဝါဒဖြစ်သော ပြည်သူလူထု၏ လူနေ မှုအဆင့်အတန်းမြင့်မားစေရေးအတွက် အဓိကအချက်များအနက် ကဏ္ဍတစ်ခုဖြစ်သည့် လျှပ်စစ်မီးရရှိ ရေးကို ဒေသအသီးသီးသို့ ဖြန့်ကြက်ဆောင်ရွက်ပေးလျက်ရှိသည်။

 

ယခုနှစ်နွေရာသီတွင် တိုးတက်သုံးစွဲ လာသော   ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် Liquefied Natural Gas to Power   စီမံကိန်းများအပါအဝင်  လျှပ်စစ်ဓာတ်အားစုစုပေါင်း ၁၁၆၆  မဂ္ဂါ ဝပ် ထုတ်ပေးနိုင်မည့်စီမံကိန်း သစ်ခုနစ်ခုကို    ရန်ကုန်တိုင်းဒေသကြီး အလုံ၊   သန်လျင်၊  သာကေတ တို့တွင်လည်းကောင်း၊ မကွေးတိုင်းဒေသကြီး မကွေးနှင့် ကျွန်းချောင်းတို့တွင်လည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီး ရွှေတောင်နှင့် ရခိုင်ပြည်နယ် ကျောက်ဖြူဒေသတို့တွင်လည်းကောင်း အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ အဆိုပါစီမံကိန်းခုနစ်ခုအနက် မကွေးတိုင်းဒေသကြီးတွင် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သော မကွေး ၆၆ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းသည် ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှစတင်၍ နိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို့ စတင်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ခဲ့ပြီး ကျန်စီမံ ကိန်းခြောက်ခုကိုလည်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိရာ ၎င်းစီမံကိန်း ခြောက် ခုအနက် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် အလုံဓာတ်အားပေးစက်ရုံဝင်းအတွင်း၌ အကောင် အထည်ဖော်ဆောင်ရွက်နေသည့် အလုံ ၁၅၁ ဒသမ ၅၄မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းနှင့် မကွေး တိုင်းဒေသကြီး ပခုက္ကူမြို့နယ် ကျွန်းချောင်းဓာတ်အားပေး စက်ရုံဝင်းအတွင်း၌ အကောင်အထည်ဖော် ဆောင်ရွက်နေသည့်ကျွန်းချောင်း ၂ဝ  ဒသမ  ၅၄ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းတို့မှ လျှပ်စစ် ဓာတ်အားများ စတင်ထုတ်လုပ်နိုင်ပြီဖြစ်သည်။

 

လက်ရှိဌာနပိုင်အလုံဓာတ်အားပေးစက်မှာ ယခင်တစ်ရက်လျှင် ရတနာသဘာဝဓာတ်ငွေ့ကုဗပေ ၃၆ သန်းကို အသုံးပြု၍၇ဝ မဂ္ဂါဝပ်ခန့်သာ ဓာတ်အားထုတ်ပေးနိုင်ခဲ့သဖြင့် စက်စွမ်းရည်ကျဆင်းနေသော ကြောင့်   ၎င်းဓာတ်အားပေးစက်အစား စွမ်းရည်မြင့်မားသောစက်များဖြင့် အစားထိုးရန် မြေနေရာနှင့် သဘာဝဓာတ်ငွေ့ ထောက်ပံ့ပေးနိုင်သော အလုံဓာတ်အားပေးစက်ရုံဝင်းအတွင်း တည်ဆောက်ရန် စီစဉ်ဆောင်ရွက်ခဲ့ပြီး စက်စွမ်းရည်မြင့်မားသည့် ဓာတ်အားပေးစက်များကို အသုံးပြုသည့်အတွက် လျှပ်စစ်ဓာတ်အား ၈၁ မဂ္ဂါဝပ်ပိုမိုထုတ်လုပ်နိုင်မည့် အကျိုးကျေးဇူးများရရှိခဲ့ခြင်းဖြစ်သည်။

 

အလားတူ ကျွန်းချောင်းဓာတ်အားပေးစက်ရုံတွင်လည်း ယခင်ဌာနပိုင်ဓာတ်အားပေးစက်မှာ တစ်ရက် လျှင် ကုန်းတွင်းဓာတ်ငွေ့ကုဗပေ ငါးသန်းကိုအသုံးပြု၍ ၅ မဂ္ဂါဝပ် ခန့်သာ   ဓာတ်အားထုတ်ပေးနိုင်ခဲ့၍ စက်စွမ်းရည်ကျဆင်းနေသောကြောင့် စွမ်းရည်မြင့်မားသော ယခုလက်ရှိ ဓာတ်အားပေးစက်များဖြင့် အသုံးပြုသည့်အတွက် ၂ဝဒသမ ၅၄ မဂ္ဂါဝပ်ဓာတ်အားထုတ်ပေးနိုင်သောကြောင့် လျှပ်စစ်ဓာတ်အား ၁၅ မဂ္ဂါဝပ်ပိုမိုထုတ်လုပ်နိုင်မည့်အကျိုးကျေးဇူးများရရှိခဲ့ခြင်းဖြစ်သည်။   

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည်၂ဝ၂ဝ ပြည့်နှစ် နွေရာသီကာလတွင် နိုင်ငံတော်၏ တိုးတက်သုံးစွဲ လာမည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အချိန်မီဖြည့်ဆည်းပေးနိုင်ရန် မကွေး၊ ရွှေတောင်၊ ကျွန်း ချောင်း၊အလုံ၊ ကျောက်ဖြူ၊ သန်လျင်နှင့် သာကေတတို့တွင် ဓာတ်အားပေးစက်ရုံစီမံကိန်းအသစ်ခုနစ်ခုမှ   စုစုပေါင်း ၁၁၆၆ မဂ္ဂါဝပ်အား တိုးမြှင့်ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေးအတွက်စီမံဆောင်ရွက်ခဲ့ရာ မကွေး ၆၆ မဂ္ဂါဝပ်ဓာတ်အားပေးစက်ရုံ၊ အလုံ ၁၅၁ ဒသမ ၅၄မဂ္ဂါဝပ်ဓာတ်အားပေးစက်ရုံနှင့် ကျွန်းချောင်း၂ဝ ဒသမ ၅၄ မဂ္ဂါဝပ်ဓာတ်အားပေးစက်ရုံတို့မှ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။        

 

Read 44 times Last modified on Friday, 22 May 2020 09:30