SJ WorldNews - шаблон joomla Авто

နိုင်ငံခြားဘာသာတက္ကသိုလ်(ရန်ကုန်)၌ မြန်မာစာကျွမ်းကျင်မှုသင်တန်းအပါအဝင် မဟာဘွဲ့သင်တန်းများနှင့် နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများကို အွန်လိုင်းမှသင်ကြားပေးမည်

Saturday, 23 May 2020 09:23 font size decrease font size decrease font size increase font size increase font size

 

နိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန်)၌ မြန်မာစာကျွမ်းကျင်မှုသင်တန်းအပါအဝင် မဟာဘွဲ့သင်တန်း များနှင့် နောက် ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများကို   ဇူလိုင်လလယ်မှစ၍ အွန်လိုင်းမှသင်ကြား ပေးမည်ဖြစ်ကြောင်း   နိုင်ငံခြားဘာသာ တက္ကသိုလ်  (ရန်ကုန်)  ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်၏ ပြောကြားချက်အရ သိရသည်။

 

''နိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန်)မှာ  အွန်လိုင်းကနေပို့ချမှုကို  ဇူလိုင်လလယ်မှာ  စပါမယ်။  မြန်မာစာကျွမ်းကျင် မှုသင်တန်းဆိုတာ   နိုင်ငံခြားသားတွေ တက်တဲ့သင်တန်းပါ။  တက္ကသိုလ်လေးခုနဲ့  MoU လက်မှတ်ရေးထိုးပြီး တက်နေတဲ့ သင်တန်းတွေပါ။  မြန်မာစာကျွမ်းကျင်မှု သင်တန်းအပါအဝင်  မဟာဘွဲ့သင်တန်း သားအားလုံးနဲ့ နောက်ဆုံးနှစ် ကျောင်းသား၊  ကျောင်းသူအားလုံးကို  ပို့ချမှာပါ။ သူတို့တွေက အွန်လိုင်းကနေလည်း တက်လို့ရတယ်။ အွန်လိုင်းကနေတက်ဖို့   အဆင်မပြေရင်    ကျောင်းဖွင့်ချိန်မှာ  ကျောင်းပြန်တက်လို့ရတယ်။ ပို့ချချိန်ကတော့ ရိုးရိုးကျောင်းဖွင့်ချိန်အတိုင်း လေးလ ပို့ချပါမယ်''  ဟု ဒေါက်တာကြည် ရွှင်ကပြောသည်။

 

မြန်မာစာကျွမ်းကျင်မှုသင်တန်းသည် နိုင်ငံခြားသားများသာ တက်ရောက်သည့် သင်တန်းဖြစ်ပြီး မဟာဝိဇ္ဇာသင်တန်းများမှ ကျောင်းသား၊  ကျောင်းသူများသည် ကျောင်းပြီးတော့မည်ဖြစ်ရာ စာတမ်းရေး လက်စဖြစ်သည့်အတွက်  သင်ကြားပေးရ ခြင်းဖြစ်ကြောင်း၊  စတုတ္ထနှစ် ကျောင်းသား၊  ကျောင်းသူ များမှာလည်း ကျောင်းနောက် ကျပါက  ဘွဲ့ရရှိချိန်နောက်ကျမည်ဖြစ်ပြီး ဒီဇင်ဘာလတွင် အသစ်ဝင်လာ မည့် ကျောင်းသား၊   ကျောင်းသူများရှိသဖြင့် စာသင်ခန်း မလုံလောက်ခြင်းများဖြစ်နိုင်သောကြောင့် အွန်လိုင်းမှ သင်ကြားပေးရ ခြင်းဖြစ်ကြောင်း သိရသည်။

 

နိုင်ငံခြားဘာသာတက္ကသိုလ်(ရန်ကုန်) ၌ ယခုပညာသင်နှစ်တွင် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၃၈ဝဝ ဦးရှိကာ   မြန်မာစာကျွမ်းကျင် ကျောင်းသား၊ ကျောင်းသူ ၁၆ဝ ဦး၊ မဟာဘွဲ့ ကျောင်းသား၊ ကျောင်းသူ ၁ဝဝ ဦးခန့်နှင့် စတုတ္ထနှစ် ကျောင်းသား၊ ကျောင်းသူ ၈ဝဝ ဦးခန့်ကို အွန်လိုင်းမှ သင်ကြားပေးမည် ဖြစ်ပြီး မဟာဘွဲ့နှင့်နောက်ဆုံးနှစ် ကျောင်း သား၊ ကျောင်းသူများမှာ မြန်မာ၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ ရုရှား၊ ထိုင်း၊ ကိုရီးယား၊ စပိန်နှင့်တရုတ်  စုစုပေါင်း ကိုးဘာသာ  သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း  သိရသည်။                    

 

Read 32 times Last modified on Saturday, 23 May 2020 09:29