SJ WorldNews - шаблон joomla Авто

မိုးစပါးစိုက်ပျိုးရန် မိုးကြိုထယ်ရေးထွန်ယက်ခြင်း လုပ်ငန်းများဆောင်ရွက်

Saturday, 23 May 2020 10:04 font size decrease font size decrease font size increase font size increase font size

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်မြိတ်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးစိုက်ပျိုးရန် အတွက် မိုးကြိုထယ်ရေးထွန်ယက်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာအများစု၌ မိုးစပါးစိုက်ပျိုးချိန်ကာလတွင် လယ်ယာလုပ်သားရှားပါးမှု၊ လုပ်အားခဈေးကြီးမှုများကြောင့် တောင်သူအများစုက မိရိုးဖလာကြဲပက် စိုက်ပျိုးခြင်းစနစ်ကိုသာ အများဆုံးလုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး    ဒေသမျိုးစပါးများကိုသာ တောင်သူအများစုက အဓိကထား စိုက်ပျိုးကြသည်။

 

''စိုက်ပျိုးရေးဌာနကလည်း ကွင်းဆင်းပြီး တောင်သူတွေကို အသိပညာပေးပြောကြားမှုတွေရှိပါတယ်။ မိုးစပါးစိုက်ရာသီချိန်ကျရောက်လာတဲ့အတွက် နှောင့်နှေးကြန့်ကြာမှုတွေ မရှိစေဖို့ လယ်ထွန်စက်ကြီး တွေငှားရမ်းပြီး မိုးကြိုထယ်ရေးထွန်ယက်ခြင်းများကို  စတင်ဆောင်ရွက်လျက်ရှိပါတယ်''ဟု သကန် တောင်ပုကျေးရွာမှ တောင်သူတစ်ဦးက ပြောသည်။

 

မြိတ်မြို့နယ်တွင် ဒေသမျိုးစပါးများဖြစ်သော အောင်စိန်ရွေး၊ ထားဝယ်မ၊ ကြွေးပြေ၊ငစိန်၊ ပေါ်လဂဲ၊ စပါးမောင်ကြည်နှင့် ကောက်ညှင်းစသည့်ဒေသမျိုးစပါးများကို အဓိကစိုက်ပျိုးလျက်ရှိကြောင်း    သိရ သည်။

 

Read 41 times Last modified on Saturday, 23 May 2020 10:09