SJ WorldNews - шаблон joomla Авто

လယ်ယာသုံးစက်ကိရိယာများကို အရစ်ကျစနစ်ဖြင့် ဖြန့်ဖြူးရောင်းချ

Saturday, 23 May 2020 10:14 font size decrease font size decrease font size increase font size increase font size

 

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူဦးကြီး များ ရာသီအလိုက်သီးနှံများကို အချိန်မီထွန်ရက်စိုက်ပျိုး ရိတ်သမ်းခြွေလှေေ့ခြင်း လုပ်ငန်းဆောင်ရွက် နိုင်စေရန်ရည်ရွယ်၍ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန အမှတ်(၆၉)စက်မှုလယ်ယာစခန်း (ဆင်ဖြူကျွန်း) မှ ဒေသခံတောင်သူများထံ လယ်ယာသုံးစက်ကိရိယာများကို အရစ်ကျစနစ်ဖြင့် ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

 

စလင်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် ဒေသခံတောင်သူများလယ်ယာလုပ်ငန်း လုပ်ကိုင်ရာ တွင် လယ်ယာလုပ်သားရှားပါးမှုပြဿနာများ ဖြေလျှော့သက်သာစေရန်နှင့် လယ်ယာကုန် ထုတ်လုပ် မှုနှောင့်နှေးကြန့်ကြာမှုမဖြစ်ပေါ်စေရန် ယခု ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံထုတ်Sonalika အမျိုးအစား မြင်းကောင်ရေ ၉ဝအား လယ်ထွန်စက်ကြီးခြောက်စီး၊ Mahi-ndra အမျိုးအစား   မြင်းကောင်ရေ ၇၅ ကောင်အား    လယ်ထွန်စက်ကြီးတစ်စီး၊တရုတ်နိုင်ငံထုတ်  ဒေါင်ဖန်းလက်တွန်း လယ်ထွန်စက် ၆၅ စီးအား နှစ်နှစ်သုံးရစ်ကျဆပ်စနစ်ဖြင့် တောင်သူများထံ ရောင်းချပေးခဲ့ပြီးဖြစ်သည်။

 

''ကျွန်တော်တို့ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနအနေနဲ့ ရေရှည်ရည်မှန်းချက်ဖြစ်တဲ့ လက်မှုလယ်ယာ စနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ဖို့အတွက် လူအင်အားအနည်းဆုံးနဲ့ စက်ကိရိယာ အသုံးပြုပြီးထွန်ယက်ဖို့၊ စိုက်ပျိုးဖို့နဲ့ရိတ်သိမ်းခြွေလှေ့ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ လယ်ယာသုံး စက်ကိရိယာတွေကို ဖြန့်ဖြူးရောင်းချခြင်းအပြင် စက်ကိရိယာပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊   အခြားလယ်ယာမြေ အဆင့်မြှင့်တင်ထွန်ယက်ပြုပြင်ခြင်းလုပ်ငန်းများ၊ စက်မှုလယ်ယာစနစ် ကျင့်သုံး နိုင်သောလယ်ယာမြေများဖော်ထုတ်ခြင်းနှင့် လယ်ယာဝန်ဆောင်မှုပေးသည့် လုပ်ငန်းများဆောင်ရွက် ပေးလျက်ရှိကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး  ဦးစိုးမင်းထွေးကပြောကြားသည်။

 

Read 41 times Last modified on Saturday, 23 May 2020 10:14