SJ WorldNews - шаблон joomla Авто

ရန်ကုန်-ပြည်ရထားလမ်းပိုင်းခရီးစဉ်တွင် ရထားစီးနင်းသည့်ခရီးသည်ဦးရေ ပိုမိုများပြား

Sunday, 24 May 2020 08:53 font size decrease font size decrease font size increase font size increase font size

 

ရန်ကုန်တိုင်းဒေသကြီးနှင့်    တခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့အသီးသီးသို့  ရထားဖြင့် သွားလာလျက်ရှိရာ ရန်ကုန်-ပြည်ရထားလမ်းပိုင်းခရီးစဉ်တွင် စီးနင်းသူဦးရေ ပိုမိုများပြားကြောင်း မြန်မာ့မီးရထားမှ သိရသည်။

 

''ကြည့်မြင်တိုင်ကနေ ပြည်ရထားလမ်းပိုင်းမှာ   ခရီးသည်စီးနင်းမှုပိုများတယ်။တခြားခရီးစဉ်တွေထက် ပိုများတာတွေ့ရပါတယ်'' ဟု မြန်မာ့မီးရထား တိုင်းအမှတ်(၇) အထွေထွေမန်နေဂျာ ဦးဇော်လွင်က ပြောသည်။

 

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ရထားစီးခရီးသည်များ  အခက်အခဲမဖြစ်စေရန်  ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင်၊ ကြည့်မြင်တိုင်-ပြည်၊ မန္တလေး-မြစ်ကြီးနား၊ နေပြည်တော်-တောင်တွင်းကြီး၊    ကျောက်ပန်းတောင်း-ချောက်နှင့် ပုသိမ်-ကြံခင်း စသည့် လမ်းပိုင်းများကို အစီအစဉ် များရေးဆွဲကာ ပြေးဆွဲပေးခြင်းဖြစ်သည်။

 

အဆိုပါလမ်းပိုင်းများအနက် ကြည့်မြင်တိုင်-ပြည်ရထားလမ်းပိုင်းတွင် ခရီးသည်စီးနင်းမှု ပိုမိုများပြားပြီး ရထားစီးနင်းသူဦးရေ    ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ တစ်ရက်လျှင် ၂ဝဝ ကျော်၊ ပဲခူးတိုင်းဒေသကြီး အတွင်းမှ တစ်ရက်လျှင် ၂ဝဝ မှ ၃ဝဝ ကြားတွင်ရှိသည်။

 

''ရန်ကုန်မြို့ပေါ်မှာ      နေထိုင်ကြတဲ့ပြည်သူတွေအတွက် ကုန်စိမ်းသီးနှံတွေကိုလည်း ပြည်လမ်းပိုင်းက နေ စာပို့ရထားနဲ့ ကုန်တွဲကြီး လေးတွဲ၊ ဘရိတ်တွဲ တစ်တွဲ စုစုပေါင်းငါးတွဲနဲ့ ကုန်တွေတင်လို့ရအောင် နေ့စဉ် စီစဉ်ဆောင်ရွက်ပေးထားပါတယ်။ ကျန်တဲ့     တခြားလမ်းပိုင်းတွေမှာလည်း အားလုံးက  ကုန်တွဲ တွေပါ  ချိတ်ဆက်ပြီး ဆောင်ရွက်ပေးထားပါတယ်'' ဟု ဦးဇော် လွင်ကပြောသည်။

 

ယခုအခါ COVID-19 ရောဂါကာကွယ် ထိန်းချုပ်မှုအခြေအနေများ၊ ခရီးသည်သွားလာမှု အခြေအနေ များပေါ်   မူတည်၍ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်များ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန မြန်မာ့မီးရထားရုံးချုပ်တို့မှညွှန်ကြားချက်များနှင့်အညီ   ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင်လည်း လှော်ကား၊ မင်္ဂလာဒုံ၊ တိုးကြောင်ကလေး၊ ရွာသာကြီး လမ်းပိုင်းတို့၌   ယခုရက်ပိုင်းအတွင်း ရထားတစ်စင်းစီထပ်တိုးပြေးဆွဲခဲ့ကြောင်း၊  ထို့ပြင်  တခြားခရီးစဉ် များအတွက်ကိုလည်း   ညွှန်ကြားချက်များပေါ်မူတည်၍ ပြန်လည်တိုးချဲ့ပြေးဆွဲမည့် အစီ အစဉ်များ လျာထားကြောင်း သိရသည်။

 

Read 24 times Last modified on Sunday, 24 May 2020 08:58