SJ WorldNews - шаблон joomla Авто

ရန်ကုန်မြို့၌ YBS ယာဉ်လိုင်း ၇ဝ ရာခိုင်နှုန်း ပြန်လည်ပြေးဆွဲ

Friday, 29 May 2020 08:35 font size decrease font size decrease font size increase font size increase font size

 

ရန်ကုန်မြို့၌ YBS ယာဉ်လိုင်း ၇ဝ ရာခိုင်နှုန်းအထိ ပြန်လည်ပြေးဆွဲလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသ ကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)  မှ သိရသည်။

 

''အခုဆိုရင် YBS ယာဉ်လိုင်းက ၇ဝ ရာခိုင်နှုန်းလောက်   ပြန်ပြီးပြေးဆွဲနေပြီ။ ခရီးသည်အချိုးအစားနဲ့ နှိုင်းယှဉ်ကြည့်ရင် စီးနင်းတဲ့ခရီးသွားဦးရေ ၂ဝ ရာခိုင်နှုန်းကနေ ၃ဝ ရာခိုင်နှုန်းကြားပဲရှိတယ်''ဟု YRTAမှ  တွဲဖက်အတွင်းရေးမှူး   ဦးလှအောင်က ပြောသည်။

 

ဘတ်စကားတစ်စီးအနေဖြင့် ယခင်က တစ်ရက်လျှင်   ခရီးသည်ဦးရေ ၇ဝဝ ခန့်   ပို့ဆောင်ပေးနိုင်သော် လည်း ယခုအခါ   ခရီးသည်ဦးရေ  ၃ဝဝ ခန့်သာ ပို့ဆောင်ပေးနိုင်၍   ခရီးသည်စီးနင်းမှု ကျဆင်းနေ သည့်အတွက်    ယာဉ်လိုင်းအတွက် စီမံခန့်ခွဲမှုစရိတ်မရဘဲ Operation လုပ်သည့် ဆီဖိုးနှင့် လုပ်သားခ သာရရှိကြောင်း သိရသည်။

 

မတ်လအတွင်း COVID-19 ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ကြေညာ ပြီးသည့် အချိန်တွင် ခရီးသွားပြည်သူများ သွားလာ မှုလျော့နည်းလာခြင်း၊ ရောဂါကြောင့်  လူစုလူဝေး ပြုလုပ်ခြင်းကို ကန့်သတ်ပိတ်ပင် မှုများကြောင့် ခရီးသွားလာမှုကျဆင်းခြင်း၊ ဧပြီ ၁ဝ ရက်မှ ၁၉ ရက် အထိ Home Stay  ကာလအဖြစ်သတ်မှတ်မှုကြောင့် ခရီးသွားလာမှုနည်းခြင်း   စသည့်အခြေအနေမှ  ဧပြီ ၂ဝ ရက်နောက်ပိုင်းတွင် အစိုးရရုံးများနှင့် ကုမ္ပဏီတချို့ ပြန်လည်ဖွင့်လှစ်ခြင်းကြောင့် စီးနင်းသည့် ခရီးသည်   အနည်းငယ်ပြန်လည်များလာသော်လည်း ယခင်စီးနင်းသည့်   ခရီးသည်ဦးရေနှင့် နှိုင်းယှဉ် ပါက  နည်းပါးနေသေးကြောင်း သိရသည်။        

 

Read 54 times Last modified on Friday, 29 May 2020 08:36