SJ WorldNews - шаблон joomla Авто

ကာလိ၊ အသိပညာပေး COVID-19 ရောဂါကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များဖြန့်ဝေ

Friday, 29 May 2020 08:39 font size decrease font size decrease font size increase font size increase font size

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် ကာလိမြို့ ယာယီပျံကျဈေး၌ မေ ၂၈ရက်နံနက်ပိုင်းတွင် ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်နန်းမျိုးဆောင်းကျော်နှင့် ဝန်ထမ်း များက COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။

 

ထိုသို့ဆောင်ရွက်ရာတွင်   မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်း များက လက်ကမ်းစာစောင်များအား ယာယီပျံကျဈေးအတွင်း၌ ရောင်းချနေသည့်ဈေးသည်များ၊   ဈေးဝယ်သူများထံသို့ ဖြန့်ဝေပေးသည်။

 

အဆိုပါလက်ကမ်းစာစောင်များတွင်COVID-19 ရောဂါပြန့်ပွားမှုမရှိစေရန် မိမိကစ၍ ကာကွယ်သည့် အသိပညာပေးအကြောင်းအရာများ၊ COVID-19 ရောဂါကြိုတင်ကာကွယ်နည်းများ၊ အနုပညာရှင်များ၏ အသိပေးစကားများ၊ စနစ်တကျလက်ဆေးနည်းများ စသည့်အသိပညာပေးအကြောင်း အရာများပါဝင် ကြောင်း သိရသည်။                

 

Read 58 times Last modified on Friday, 29 May 2020 08:39