SJ WorldNews - шаблон joomla Авто

အိန္ဒိယနိုင်ငံမှပြန်လည်ရောက်ရှိလာသော သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့်လူပုဂ္ဂိုလ်များ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိ

Friday, 29 May 2020 08:48 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော်  မေ   ၂၈

ကမ္ဘာ့ကပ်ရောဂါ  COVID-19  ရောဂါဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည့် အိန္ဒိယနိုင်ငံတွင်ရောက်ရှိနေသော သံဃာတော် ၅၈ ပါး၊ သာသနာနွယ်ဝင်သီလရှင် ရှစ်ပါးနှင့် လူပုဂ္ဂိုလ်တစ်ဦး၊ စုစုပေါင်း ၆၇ ဦးတို့ကို သီတဂူဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော် များ၏အဓိပတိ၊       အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိက၊ ဗဟုဇန ဟိတဓရ၊ တွဲဖက်ရွှေကျင်သာသနာပိုင်၊ သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရ၏ အစီအစဉ်ဖြင့်   အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့  သွားရောက်ပင့်ဆောင်လာသည့် လေယာဉ်တစ်စင်းသည် ယနေ့ညနေပိုင်းတွင် မန္တလေးမြို့၊ တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ဆိုက်ရောက်ခဲ့ရာ သီတဂူဗုဒ္ဓတက္ကသိုလ်မှ အုပ်ချုပ်ရေးမှူး ဆရာတော် ဘဒ္ဒန္တကောဝိဒ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးကြီးဝင်းမြတ်နှင့်တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး အစိုးရဖွဲ့ဝင်ဝန်ကြီး များက Express  ယာဉ်နှစ်စီးဖြင့် ကြိုဆိုခဲ့ကြပြီး စစ်ကိုင်းမြို့၊ သီတဂူဗုဒ္ဓတက္ကသိုလ်သို့ ပို့ဆောင်ပေး သည်။

စစ်ကိုင်းမြို့၊ သီတဂူဗုဒ္ဓတက္ကသိုလ်သို့ပို့ဆောင်ပေးခဲ့သော ရဟန်းရှင်လူများကို သီတဂူဝိပဿနာ တက္ကသိုလ်၊ သီတဂူဗုဒ္ဓတက္ကသိုလ်နှင့်ဗုဒ္ဓဆေးရုံတို့၌ Quarantine၂၁ ရက်ထားရှိမည်ဖြစ်ပြီး လိုအပ် သောကျန်းမာရေး စစ်ဆေးဆောင်ရွက်ခြင်းများကို နယ်မြေခံဆေးတပ်ရင်းနှင့် စစ်ကိုင်းပြည်သူ့ဆေးရုံ တို့မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

Read 66 times Last modified on Friday, 29 May 2020 09:26