SJ WorldNews - шаблон joomla Авто

ယနေ့ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုးတွေ့သူလေးဦးထပ်တိုး

Tuesday, 02 June 2020 12:33 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇွန် 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့နံနက် ၇ နာရီခွဲနှင့် ည ၈ နာရီတို့တွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်များအရ ဓာတ်ခွဲအဖြေများ ၌ COVID-19 ရောဂါပိုးတွေ့သူလေးဦး ထပ်တိုးကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ချက်များတွင် (၃၁-၅-၂၀၂၀)ရက်အတွက် COVID-19 ဓာတ်ခွဲစစ်ဆေး ရာတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)မှ ဒုတိယအသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၇၃၄ ခုနှင့် ရန်ကုန်မြို့ အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)မှ ဓာတ်ခွဲနမူနာ ၁၀၃ ခု စုစုပေါင်း ၈၃၇ ခုအား (၁-၆-၂၀၂၀) ရက် အစော ပိုင်းတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ်လေးဦး တွေ့ရှိရသည်။

(၃၁-၅-၂၀၂၀)ရက်အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသား ကျန်းမာ ရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ ဓာတ်ခွဲနမူနာ ၁၂၇၉ ခု၊ ဆေးသုတေသနဦးစီး ဌာနမှ ဓာတ်ခွဲနမူနာ ၁၇၈ ခုနှင့် ရန်ကုန်မြို့ အမှတ်(၁) တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)မှ ဓာတ်ခွဲနမူနာ ၁၀၃ ခု စုစုပေါင်း ၁၅၆၀ ခုအား စစ်ဆေးခဲ့ပြီး (၁-၆-၂၀၂၀)ရက် နံနက်အစောပိုင်းတွင်  ဓာတ်ခွဲစစ်ဆေးမှုများပြီးစီးခဲ့သည်။

(၁-၆-၂၀၂၀)ရက်အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ရာတွင်ဆေး သုတေသန ဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၅၉ ခုနှင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန(ရန်ကုန်) (NHL)မှ ပထမအသုတ် ဓာတ်ခွဲနမူနာ ၄၆၀ ခု၊ စုစုပေါင်း ၅၁၉ ခုအား ယနေ့ ညနေပိုင်းတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ်မတွေ့ရှိရပါ။ (၁-၆-၂၀၂၀)ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၂၂၈ ဦးရှိသည်။

(၁-၆-၂၀၂၀)ရက်အထိ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (Old Confirmed Case) များ၏ ဓာတ်ခွဲနမူနာများတွင် နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူစုစုပေါင်း ၁၃၈ ဦးရှိပြီး ၎င်းင်းတို့အနက် ၁၂၈ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ် နေရာများ တွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသည်။ ဓာတ်ခွဲ အတည်ပြု လူနာများအနက် သေဆုံးသူ ခြောက်ဦးရှိသည်။

(၃၁-၅-၂၀၂၀)ရက် မွန်းတည့် ၁၂ နာရီမှ (၁-၆-၂၀၂၀)ရက် မွန်းတည့် ၁၂ နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာ အသစ် ၂၉ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။                      

(၅၀၀)

Read 31 times Last modified on Tuesday, 02 June 2020 13:30