SJ WorldNews - шаблон joomla Авто

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပပြီးစီး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အား တာဝန်မှ ရုပ်သိမ်းရန် အဆိုကို လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးအပိုင်း(၃)

Tuesday, 02 June 2020 13:43 font size decrease font size decrease font size increase font size increase font size

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်သက်ထွန်းအောင်က ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုတိယ ဥက္ကဋ္ဌ တို့ကို သတ်မှတ်ထားသည့် နည်းလမ်းနှင့်အညီ တာဝန်မှရုပ်သိမ်းနိုင်ခြင်းကို ပြည်သူ့လွှတ် တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၁ တွင်လည်း

 ကောင်း၊ အရေးကြီး ကိစ္စ   တစ်ရပ်ရပ်ကိုဆွေး နွေးနိုင်ရန် အဆိုတင်သွင်းခြင်းနှင့် ဆွေးနွေးခြင်း တို့ကို ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၆၃ (က) မှာလည်းကောင်း ပြဋ္ဌာန်းထားရှိ ကြောင်း၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက် တွင်  မိတီ္ထ လာ မဲဆန်္ဒနယ်မှ  ဒေါက်တာ မောင်သင်းတင်သွင်းခဲ့သည့် ““၂၀၁၉ ခုနှစ်  ဇွန် ၁၃ ရက်၌ အမေရိကန်အောက်လွှတ်တော်မှာ အမေရိကန်အစိုးရ၏ ၂၀၂၀ ပြည့် နှစ် တောင်အာရှဒေသဆိုင်ရာ ဘတ်ဂျက် လျာထားချက်ကြားနာပွဲတွင် အမေရိကန် အောက်လွှတ်တော်အမတ်၊ အာရှပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ Mr.Brandley Sharmanက မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ““မြန်မာနိုင်ငံအနေဖြင့်    ရခိုင်ပြည်နယ် မြောက်ပိုင်းမှာနေထိုင်သော ရိုဟင်ဂျာများ  အတွက် အစိုးရကောင်းတစ်ရပ်အဖြစ် စိတ်ဆန္ဒ မရှိ၊ တာဝန် ယူနိုင်ခြင်း မရှိပါက ရခိုင်ပြည် နယ်ကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ လွှဲပြောင်းပေး သင့်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်လည်း ထိုလူမျိုးများကို   လိုလိုလားလားလက်ခံ  မည်ဖြစ်ပြီး ယင်းအစိုးရသည် ထိုလူမျိုးများ ကို ဖျက်လိုဖျက်ဆီးလုပ်လိမ့်မည်မဟုတ်ဘဲ  အကာအကွယ် ပေးမည့် အစိုးရသာဖြစ်မည်””ဟူ၍ ပြောကြားခဲ့ခြင်းသည် အချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် ပြည်ထောင်စု သမ္မ တ မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်နယ်မြေနှင့်နယ်နိမိတ်တည်တံ့  ခိုင်မြဲရေးကို စွက်ဖက်ခြိမ်းခြောက်ရာရောက် ခြင်းနှင့် နိုင်ငံတော်အစိုးရအား စော်ကားနေ ကြောင်း”” အရေးကြီးအဆိုကို တင်သွင်းခဲ့ သော်လည်း   ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက  လက်ခံဆွေးနွေးရန် ခွင့်မပြုခဲ့သည်ကို တွေ့ရှိရကြောင်း။

ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၉(ဂ)တွင် ““လွှတ်တော်သို့ တင်သွင်းထား သောဥပဒေကြမ်းများ၊  အဆိုများနှင့်စပ် လျဉ်း၍ ဆွေးနွေးရာတွင် နိုင်ငံတော်နှင့်နိုင်ငံ သားများ၏ အကျိုးစီးပွားကိုသာ အဓိက ထားခြင်း”” ပြဋ္ဌာန်းချက်နှင့်အညီ အမျိုးသား အကျိုးစီးပွားနှင့်သက်ဆိုင်သည့် အဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်ကိုတွေ့ရကြောင်း၊  ထိုသို့တင်သွင်းရာတွင် ပြည်သူ့လွှတ်တော် ဆိုင်ရာနည်းဥပဒေ ၁၆၃(က)ပါ အရေးကြီး အဆိုနှင့်ပတ်သက်သည့် ပြဋ္ဌာန်းချက်များ နှင့်လည်း ကိုက်ညီသည်ကိုတွေ့ရကြောင်း၊ လွှတ်တော်မှတ်တမ်းများအရ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်၊ (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၆ ရက်မြောက်နေ့ တွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မဲဆန်္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ““ပြည်ထောင်စု သမ်္မတ မြန်မာ နိုင်ငံတော်၏အချုပ်အခြာအာဏာကို ထိပါး ခြင်းဖြစ်သောကြောင့် ကုလသမဂ်္ဂ အထွေ ထွေအတွင်းရေးမှူးချုပ် မစ်္စတာ ဘန်ကီမွန်း၏ ရိုဟင်ဂျာ အသုံးအနှုန်းအား ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်ကြောင်း””အဆိုကို ပြည်ထောင်စု လွှတ်တော် တွင်  ဆွေးနွေး အတည်ပြုခဲ့ကြောင်း။

ယခုဒုတိယအကြိမ် လွှတ်တော်သက်တမ်း ကာလအတွင်းမှာလည်း အိမ်မဲ မဲဆန်္ဒနယ်က ဒေါ်သန်္တာက ကုလ သမဂ်္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ်္စယန်ဟီးလီ၏ သတင်းထုတ်ပြန်ချက်အား ပြင်းထန်စွာကန့် ကွက်ကြောင်း အရေးကြီးအဆိုကို ၂၀၁၇  ခုနှစ် ဇူလိုင် ၂၄ ရက်တွင် တင်သွင်းခဲ့ရာ  ယခင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ယခု နိုင်ငံ တော်သမ်္မတ ဦးဝင်းမြင့် လက်ထက်က ခွင့်ပြု ခဲ့သည့် အစဉ်အလာကောင်းများရှိခဲ့ကြောင်း၊ အထက်ပါ အရေးကြီးအဆို ၂ ခုကို ကြည့် ခြင်းအားဖြင့် အမျိုသားအကျိုးစီးပွားနှင့် ပတ်သက်သည့် အခြေအနေများတွင် လွှတ်တော်၌ လက်ခံဆွေးနွေးခဲ့သည့် သာဓက များရှိခဲ့ကြောင်း၊ ဒေါက်တာမောင်သင်း တင်သွင့်သည့် အရေးကြီးအဆိုသည်လည်း အမျိုးသားအကျိုးစီးပွားအတွက် ကိုက်ညီသည် ကို တွေ့ရသည့်အပြင် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၅၅(က)တွင် ““နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးနှင့်စပ်လျဉ်းသော ကိစ္စ””ဟုပြဋ္ဌာန်းချက်နှင့် သက်ဆိုင်သည့် အတွက် တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း လွှတ်တော် ဥက္ကဋ္ဌက ပြည်သူ့ လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉(ဏ)တွင် တာဝန်နှင့်လုပ်ပိုင်ခွင့်အရ ဆောင် ရွက်ရမည်ဖြစ် သော်လည်း လွှတ်တော်သို့ ဆက်လက်တင်သွင်းခြင်းမပြုခဲ့ဘဲ မိမိ သဘောဆန်္ဒအလျောက်  ပယ်ချခဲ့သည့် အတွက် ဥပဒေအရ ပေးအပ်ထားသော တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်းမရှိ သည်ကို ပေါ်လွင်နေကြောင်း။

 မြန်မာနိုင်ငံသည် IPU အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်း၊ ဒေါက်တာမောင်သင်း၏ အရေးကြီးအဆိုကို မိမိတို့လွှတ်တော် အတွင်းမှာဆွေးနွေးပြီး မိမိနိုင်ငံအား စွက်ဖက်ခြိမ်းခြောက်မှုနှင့် နိုင်ငံတော်အစိုးရအား စော်ကားမှုပြုခဲ့သည့် အမေရိကန်အောက် လွှတ်တော် အမတ်အား လွှတ်တော်က တစ်ဆင့် IPU အထိ တရားဝင်ထိရောက်စွာ ကန့်ကွက်လွှာပေးပို့သွားရမည်ဖြစ်ကြောင်း၊

လွှတ်တော် ဥက္ကဋ္ဌ အနေဖြင့် ယခုလိုဒို့တာဝန် အရေးသုံးပါးနှင့် အချုပ်အခြာအာဏာကို ထိခိုက်လာသည့် ကိစ်္စ မျိုးအရေးကြီး အဆိုကို  လွှတ်တော်တွင် တင်ပြဆွေးနွေးခွင့်မပြုခဲ့ခြင်း သည် ဥပဒေအရပေးအပ်သည့် တာဝန်ကို မျက်ကွယ်ပြုရာ ရောက်နေ ကြောင်း၊ လွှတ်တော်များအနေဖြင့် အစိုးရ၏ လုပ်ဆောင်မှုများ အား ဥပဒေနှင့်မညီသည့်အခါဖြစ်စေ၊ ဆောင် ရွက်သင့် သည်များ ကို မဆောင် ရွက်သည့် အခါတွင် ဖြစ်စေ၊ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သည့် လွှတ်တော်အနေဖြင့် အုပ်ချုပ်ရေးမဏ္ဍိုင် ဖြစ်သည့် အစိုးရကို ထိန်းကျောင်း ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ မထိန်းကျောင်းဘဲ အစိုးရ၏ ဆောင်ရွက်မှုများအပေါ် လိုက်ပါ လုပ်ဆောင်နေပါက မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ၁၁(က) တွင် အပြန်အလှန် ထိန်းကျောင်း ပေး ရန် ပြဋ္ဌာန်းထားခြင်း ဖြစ်ကြောင်း။

အထက်ပါတင်ပြချက်များအရ ဒေါက်တာ  မောင်သင်းအနေဖြင့် ပြည်သူ့လွှတ်တော် ဆိုင်ရာဥပဒေပုဒ်မ ၉(ဂ)နှင့် နည်းဥပဒေ  ၁၅၅(က)ပြဋ္ဌာန်းချက်ပါ နိုင်ငံတော်နှင့်နိုင်ငံ သားတို့၏အကျိုးစီးပွားအတွက် ပြည်သူ့ လွှတ်တော်ဆိုင်ရနည်းဥပဒေ ၁၆၃(က)အရ အရေးကြီးအဆိုတစ်ရပ်ကို ဥပဒေနှင့် အညီတင်သွင်းခဲ့သော် လွှတ်တော် ဥက္ကဋ္ဌ က ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉(ဏ) ပြဋ္ဌာန်းချက်ပါ ပေးအပ်ထားသည့် တာဝန်ကို ဆောင်ရွက်မှုမရှိခြင်း၊ ပြည် သူ့လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၁ ပါ  ““ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြဋ္ဌာန်းချက်များ ကို ဖောက်ဖျက်ကျူးလွန်ခြင်းနှင့် ဥပဒေ အရပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင် ရွက်ခြင်း””စသည့် အချက်များ အပြင်  တင်သွင်းလာသည့်အဆိုများနှင့် ပတ်သက်ပြီး  နိုင်ငံတော်၏အချုပ်အခြာ အာဏာကို ထိပါးလာခြင်း၊ ဥပဒေနှင့် အညီတင်သွင်းသော အဆိုများကိုမျက်ကွယ် ပြုခြင်းတို့အတွက် ပါတီစွဲ၊ ပုဂ်္ဂိုလ်စွဲ ကင်းကင်း ဖြင့် ဆောင်ရွက် သင့်သည့် ကိစ်္စရပ်များကို မဆောင်ရွက်ပါသဖြင့် ပြည်သူ့လွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၁၁၅ အရ ၎င်းအား တာဝန်မှ   ရုပ်သိမ်း ပေးရန်   အဆိုကို ထောက်ခံဆွေးနွေးသည်။

 မင်းကင်း မဲဆန်္ဒနယ်မှ ဦးမောင်မြင့်က  လွှတ်တော်မှာ အဆိုဆွေးနွေးသည့် အခါပဲ ဖြစ်ဖြစ်၊ မေးခွန်းမေးသည့်အခါပဲဖြစ်ဖြစ် လွှတ်တော်ကိုယ်စားလှယ်များ၏ ပြောဆို ဆွေးနွေးမူများကို ဥက္ကဋ္ဌ နှင့်အတူ ကျန်တပြ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ချန်နယ်ကို တိုက်ရိုက်ကြည့်နေကြသည့် ပြည်သူများမှ နားထောင်နေကြခြင်းဖြစ်ကြောင်း၊ ကျန်သည့်လွှတ်တော်ကိုယ်စား လှယ်များ ကိုတော့ မိမိမပြောလိုသော်လည်း မိမိကိုယ်တိုင်ကတော့    ကိုယ်တိုင်ရေး၊ အခေါက်ပေါင်းများစွာ လေ့ကျင့်ပြီးမှ လွှတ် တော်တွင် ပြောဆိုတင်ပြခြင်းဖြစ်ကြောင်း၊ မိမိအနေနှင့်တင်ပြအပြီးတွင် အထူးသဖြင့် တစ်ဖက်ပါသည့်ပါတီကိုယ်စားလှယ်တစ်ဦးကကန့်ကွက်လျှင် ဥက္ကဋ္ဌ က Abruptly ဆုံးဖြတ်ပေးရန်လိုအပ်ကြောင်း၊ ခုတလော မှာဖြစ်နေသည်က မိမိဆွေးနွေးချက်များကို ကန့်ကွက်သူရှိလျှင် ဥက္ကဋ္ဌ က လုံးကောက် ပြန်ကြည့်မယ်ဆိုပြီး ဆုံးဖြတ်၊ နောက်ကျ တော့ ဘယ်စာလုံးကနေဘယ်စာလုံးအထိ ပယ်ဖျက်တယ်ဟု စင်ပေါ်ကပြောကြားနေ သည်များက မဖြစ်သင့်တော့ကြောင်း။

 လုံးကောက်ကို ဥက္ကဋ္ဌ  ကိုယ်တိုင်တည်းဖြတ်ပါသလား၊ မသက်ဆိုင်သူများက တည်းဖြတ် သလားဆိုတာ သံသယဖြစ်ဖွယ်ကိစ်္စများ အဖြစ် ရှုမြင်ကြောင်း၊ နောက်တစ်ချက်အနေဖြင့် ကြယ်ပွင့်ပြမေးခွန်းကိစ်္စတွင် ၂၀၁၉ ခုနှစ်နိုဝင်ဘာ ၂ ရက်က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြား ရေးဝန်ကြီး၏  ပြောဆိုမူနှင့်ပတ်သက်ပြီး ကြယ်ပွင့်ပြမေးခွန်းကို နိုဝင်ဘာ ၄ ရက်တွင် မေးမြန်းခဲ့ကြောင်း၊  အဆိုပါ ကိစ်္စတွင် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ် ရန်အလို့ငှာ မေးခွန်းမေးမြန်းခြင်းဖြစ်ကြောင်း၊  ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆိုင်ရာမြန်မာသံရုံးက ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်ဖြစ်စဉ်အပြီး ဘင်္ဂလားဒေ့ရှ်သို့ တိမ်းရှောင်သူများအနက် လူ ၄၀၀ ခန့် ၎င်းတို့ဆန်္ဒ အလျောက်ဝင်ရောက်လာခဲ့ကြောင်း ထုက်ပြန်မှုအပေါ်၎င်းနိုင်ငံခြားရေးဝန်ကြီးက  မြန်မာနိုင်ငံ အာဏာပိုင်များ အနေနှင့် မှားယွင်းသည့် အချက်အလက်များရေး၍  ကမ္ဘာကြီးကို ရှပ်ထွေးအောင်လုပ်နေကြောင်း ဒုက်္ခသည်တစ်ဦးမှ မြန်မာ နိုင်ငံသို့ မပြန်ကြောင်း ပြောကြားခဲ့ကြောင်း၊ တစ်ဆက်တည်းမှာပင် ၂၀၁၇ခုနှစ် သြဂုတ်လတွင် ရခိုင်ပြည်နယ်တွင် စစ်တပ်မှ နှိမ်နင်း ခဲ့သည့်  ၇၄၀၀၀ အပါအဝင် ရိုဟင်ဂျာဒုက်္ခသည် တစ်သန်းကျော်အား ခိုလှုံခွင့်ပေးခဲ့သည်လို့ပြောကြား  ခဲ့ကြောင်း။

ဒါ့အပြင် လက်တွေ့ဘဝနှင့် အမှန်တရား နှင့် ကင်းကွာနေသောစကားများပါကြောင်း နှင့် ဘင်္ဂါလီ ၄၀၀  ကျော်ကို လက်ခံပြီး  တစ်ယောက်မကျန်မှမပြန်ဘူးလို့ ဘူးခံငြင်းခဲ့ပြီးမှ  ICJ ကို ဂမ်ဘီယာနိုင်ငံကတစ်ဆင့် တင်ပြခဲ့ကြောင်း၊ အလားတူ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူဝန်မှုကြီးကြပ်ရေး ဝန်ကြီး ဌာနက ၃၁-၅-၂၀၁၈ ရက်တွင် ကျွန်တော်၏ ကြယ်ပွင့်မပြမေးခွန်းကို ဖြေထားတာ ရှိကြောင်း၊ တစ်ဖက်နိုင်ငံသို့ထွက်သွားသည့် ဘင်္ဂါလီအရေအတွက်က ၅၃၀၀၀၀ ခန့် သာရှိကြောင်း၊ ကမ်္ဘာမှာရော မြန်မာ မှာပါ အမှားကြား အမှန်ဖြစ်နေသည့် ကိစ္စ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ပြောကြားခဲ့တဲ့အတိုင်း ရိုဟင်ဂျာ တစ်သန်း  ထွက်သွားတာမဟုတ်ဘဲ ဘင်္ဂါလီ ၅၃၀၀၀၀ ပဲ ဖြစ်ပါကြောင်းဆိုတာ ကမ္ဘာက သိအောင် ဒီမေးခွန်းကိုမေးမြန်း ခဲ့တာ ဖြစ်ကြောင်း၊

၂၀၂၀ ပြည့်နှစ် မတ်လက ကျင်းပသော (၁၅)ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်း အဝေးတွင် ဒီမေးခွန်းကို မေးမြန်းခွင့်ရပြီးလို့ မေးခွန်း အဆိုဌာနက ခုနှစ်ရက်ကြိုတင်ပြော ကြားခဲ့ပေမယ့်  နှစ်ရက်၊ သုံးရက်ကပ်ပြီး မေးခွန်းကို  ကြယ်ပွင့်ပြကနေ ကြယ်ပွင့် မပြ ပြောင်းပေးပါလို့  ပြောလာခဲ့ကြောင်း၊ ကျွန်တော်၏ နိုင်ငံတော်အမျိုးသား အကျိုးစီးပွား ကာကွယ်ပေးနိုင်မည့် မေးခွန်းများကို ဏူအေ်သမာကနေ တိုင်းသိပြည်သိ ကမ္ဘာသိဖြစ်အောင် မေးမြန်းခွင့်ကို ပိတ်ပင်သည်မှာ အမျိုးသား အကျိုးစီးပွားကို    မကာကွယ် နိုင်အောင်လုပ်ခြင်း၊   လွှတ်တော် ဥက္ကဋ္ဌ ၏ လုပ်ပိုင်ခွင့်ကို တစ်လွဲအသုံးချခြင်းသာဖြစ်ကြောင်း၊ နောက်တစ်ခုမှာ ရန်ကုန်တိုင်း ဝန်ကြီး ချုပ်က့ YRTA 3 rd Anniversary အခမ်း အနားတွင် ပုသိမ်ဘက်က   ခိုးဝင်သည့်ရိုဟင်ဂျာ/ဘင်္ဂါလီများ သယ်ဆောင်မှု နှင့် စပ်လျဉ်းပြီး YRTA နှင့်ပတ်သက်ခြင်းမရှိဘူး ဟုပြောကြားသည့် ကိစ်္စအပေါ်  မေးခွန်းမေးမြန်းခဲ့ခြင်းဖြစ်ကြောင်း။ 

 မေးခွန်းက ဝန်ကြီးချုပ်၏ ရိုဟင်ဂျာဟု တရားဝင်ပြောသည်မှာ   အစိုးရ၏မူဝါဒ ဟုတ်၊ မဟုတ်၊ မဟုတ်ဆိုပါက မှားယွင်းသုံးစွဲ ခြင်းအပေါ် တရားဝင်ပြန်လည်ဖြေရှင်းပေး ရန် အစီအစဉ် ရှိ၊မရှိ ဆိုပြီး မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း၊  သို့သော်လည်း အင်မတန် စိတ်မကောင်းစရာက ထိုမေးခွန်းကို လက်မခံ ခဲ့ကြောင်း၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်း ဥပဒေ ၁၄၀ တွင် ဖော်ပြထားသည့် မေးခွန်း နှင့်စပ်လျဉ်းသည့် ကန့်သတ်ချက်များ (က) မှ(ဈ)ထိလည်းကောင်း၊ မေးခွန်းနှင့်စည်းကမ်း ချက်များ နည်းဥပဒေ ၁၄၁ (က)မှ (ည)ထိ  လည်းကောင်း ငြိစွန်းခြင်းမရှိပဲ ရိုဟင်ဂျာ/ ဘင်္ဂါလီစကားလုံးပါဝင်၍သော်လည်းကောင်း၊  ရန်ကုန်တိုင်း ဝန်ကြီးချုပ်၏ ငြင်းကွယ်မရနိုင် သော နှုတ်ထွက်စကားကြောင့် သော်လည်း ကောင်း၊ မေးခွန်းကို လက်မခံခြင်း၊ ငြင်းပယ် ခြင်းသည် လွှတ်တော်၏တာဝန်ကြီး တစ်ခု ဖြစ်သည့် အုပ်ချုပ်ရေးမဏ္ဍိုင်၏အားနည်း ချက်ကို ထောက်ပြဝေဖန်သည့် Check and Blance ဆိုသည်ကို  တစ်ဖက်စောင်းနင်း ပျက်စီးစေခဲ့ကြောင်း၊ တစ်နည်းအားဖြင့် ဥက္ကဋ္ဌ အနေဖြင့် ပြည်သူ့လွှတ်ဆိုင်ရာဥပဒေ  ပုဒ်မ၂၁(ဃ)တွင်ပါသည့် ““ဥပဒေအရပေးအပ် သော တာဝန်များကို ကျေပွန်စွာမဆောင် ရွက်ခြင်း””နှင့် တိုက်ရိုက်ငြိစွန်းနေ သည်ကို တွေ့ရကြောင်း။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပနေသည့် ၂၀၂၀ ပြည့်နှစ် မတ်  ၁၄ ရက်က COVID-19 နှင့်ပတ်သက်ပြီး ထိုပြဿနာ ကို ပိုမိုထိရောက်စွာကိုင်တွယ်ဖြေရှင်းနိုင်ရန် အတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေးခေါ်ရန် အရေးကြီး အဆိုတင်သွင်းခဲ့ကြောင်း၊ မိမိနှင့်ဦးသောင်းအေးတို့ ဥက်္ကဋ္ဌကို သွားရောက် တင်ပြပြီး ဥက္ကဋ္ဌ က အဆိုစာရွက်ကို လက်ခံ ရယူထားခဲ့ကြောင်း၊

သို့သော်လည်း  နောက်နေ့တွင် ကာလုံ ခေါ်ယူရမည့် ကိစ်္စသည် သမ်္မတ၏ လုပ်ပိုင်ခွင့် ကြောင့် အဆိုကို လက်မခံသည် ကိုသိရ ကြောင်း၊  ကာလုံခေါ်ခြင်းသည် သမ်္မတ၏ လုပ်ပိုင်ခွင့်ဆိုသည်ကို   လက်ခံကြောင်း၊ သို့သော်လည်း သမ်္မတကမလုပ်၍ လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်၏ လုပ်ပိုင်ခွင့် အရ တင်ပြခြင်းဖြစ်ကြောင်း၊ ဖြစ်သင့်သည်မှာ အဆိုကို လက်ခံ၊ တင်ပြခွင့်ပြု၊ လွှတ် တော် တွင်မဲခွဲ၍   အများစုက လက်မခံပါက မဆွေးနွေး၊ ဤသည်ကို ဒီမိုကရေစီသဘော တရားအရလက်ခံကြောင်း၊ ယခုသည် အဆိုကို ဆွေးနွေးတင်ပြခွင့်တောင်မပြုသည်က  ဥက္ကဋ္ဌ သည် သူ့သဘောနှင့်ချည်းလုပ်၍ကိုင် ၍မရသည့် သဘောဖြစ်နေကြောင်း။

 ဒီမိုကရေစီတွင်  မဏ္ဍိုင်(၃)ရပ်ရှိပြီး မဏ္ဍိုင်တစ်ခုချင်းစီက  သီးခြားလွတ်လပ်မှုရှိ ရန်လိုကြောင်း၊ သို့မှသာ ဒီမိုကရေစီ ပီပြင် မည်ဖြစ် ကြောင်း၊ မဏ္ဍိုင်တစ်ခုက ကျန်သည့် မဏ္ဍိုင်များကို လွှမ်းမိုးချုပ် ကိုင်ထားသည်ဆို တာသည် အာဏာရှင်၏ အရိပ်အငွေ့ပဲဟု ပြောချင်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးများ ဆွေးနွေးခဲ့စဉ်ကာလက  နာယက တစ်ယောက် အနေ နှင့် မကျေနပ် ပါက သူ့ကို  Impeachment လုပ်ပါဟု ပြောခဲ့ဖူးသော်လည်း မိမိအနေ့ဖြင့် ဂုဃဝုတ္တိ၊ ဝဃဝုတ္တိအရ  စိတ်ဖြင့်တောင် မပြစ်မှားပါဘူး ဟုပြောခဲ့ဖူးကြောင်း၊ သို့သော်လည်း ဥက္ကဋ္ဌ အနေဖြင့် ဒီမိုကရေစီလုပ်ထုံးလုပ်နည်းကို ဆန့်ကျင် ဘက်လား ရာဆီ တူရှုချီတက်နေသည့် အတွက် ဂုဃဝုတ္တိ စကားကိုဘေးဖယ်ပြီး ယခုပြုလုပ်သည့်  Impeachment မှာ အဆိုကို ထောက်ခံ ဆွေးနွေး ရခြင်းဖြစ်ကြောင်း တင်ပြ ဆွေးနွေးသည်။

 တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ်  ဗိုလ်မှူးချုပ် ရဲနိုင်မျိုးက  ကမ်္ဘာ့ပေါ်မှာ ဒီမိုကရေစီစနစ်ကို ကျင့်သုံး သည့် နိုင်ငံအားလုံးသည် ဥပဒေပြုရေး၊ အုပ်ချုပ် ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင် (၃) ရပ် အပြန် အလှန်ထိန်းကျောင်းမှုပြုလုပ်ကြကြောင်း၊ မိမိတို့နိုင်ငံသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံး ခြင်းကြောင့်  နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၁၁(က)မှာ ပြဋ္ဌာန်းထားသည့် အတိုင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌနှ င့် ပြည်ထောင်စု လွှတ်တော် နာယကတို့သည် အုပ်ချုပ်ရေး မဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်တို့ကို ထိန်းကျောင်းရန် တာဝန်အရှိဆုံး ပုဂ်္ဂိုလ်များဖြစ်ကြပြီး အစိုးရကိုထိန်း ကျောင်းရန် ပျက်ကွက် သည့် အပြင်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ အထောက်အကူပြု ထိန်းကျောင်းပေးမှုကိုပါ တားဆီးပိတ်ပင် လာခဲ့ လျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၁(က)ကို  ချိုးဖောက်ရာရောက် ကြောင်း၊ လွှတ်တော်အနေနှင့် အစိုးရကို  ထိန်းကျောင်း သည့်အခါ အစိုးရလုပ်သမျှကို ကန့်ကွက်ရန်မလိုအပ်သလို ထောက်ခံရန်လည်း မလိုအပ်ကြောင်း၊ အစိုးရလုပ်ငန်းစဉ် များသည် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးရှိမည်ဆိုလျှင် လွှတ်တော်အနေနှင့် ထောက်ခံရမည်ဖြစ်ပြီး အကျိုးယုတ်မည် ဆိုလျှင် ထောက်ပြ ကန့်ကွက်ရမည်ဖြစ်ကြောင်း၊ လွှတ်တော်သည် အစိုးရလုပ်သမျှ ထောက်ခံနေရသည့် အဖွဲ့အစည်းဆန်ဆန် ဖြစ် လာလျှင် အပြန်အလှန် ထိန်းကျောင်းမှုမရှိတော့ဘဲ   ဒီမိုကရေစီ၏ အနှစ်သာရပျောက်ဆုံးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ်အနေနှင့် ““အစိုးရကို ဝေဖန်၊ ထောက်ပြ၊ ထိန်းကျောင်းမှုမရှိခဲ့လျှင် သူလုပ်ချင်တာ လုပ်သွားမှာပဲ””ဟု ပြောကြားခဲ့ခြင်းမှတ်သားဖူးကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအနေနှင့် လွှတ်တော်၏အဆုံးအဖြတ်ကို ရယူလိုသည့် အခါ နည်းဥပဒေ ၁၅၅ အရ အဆိုတင်သွင်းခွင့် ရှိ ကြောင်း၊ အရေးကြီး ကိစ္စ တစ်ရပ်ကို အဆို တင်သွင်းမည်ဆိုလျှင် နည်းဥပဒေ ၁၆၃ အရ တင်သွင်းရမည်ဖြစ်ကြောင်း၊   လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့်    ဒေါက်တာ မောင်သင်းနှင့်  ဦးသောင်းအေး တို့သည်  နည်းဥပဒေ ၁၆၃ အရ နိုင်ငံတော်နှင့် နိုင်ငံ သားများ၏ အကျိုးစီးပွားနှင့် သက်ဆိုင်သော အဆိုများဖြစ်သည့် လျှပ်စစ် မီတာခ တိုးမြှင့် ခြင်းမပြုရန်ကိစ်္စ၊ ပြည်ပနိုင်ငံလွှတ်တော် အမတ်တစ်ဦးက မြန်မာနိုင်ငံ၏အချုပ်အခြာ အာဏာနှင့် ပိုင်နက် နယ်မြေ အားစွက်ဖက် ခြိမ်းခြောက်မှုကို တုံ့ပြန်ရန် ကိစ္စ ၊ ပြည်သူ လူထု အသက်အိုးအိမ်စည်းစိမ် များ ပျက်စီး ဆုံးရှုံးပြီး  လုံခြုံမှု ကင်းဝေးနေခြင်းအပေါ် ထိရောက်လျင်မြန်စွာထိန်းသိမ်းကာကွယ်ပေးရန် ကိစ္စ နှင့် အခြေခံပညာ ဒသမတန်းသင်ရိုး ညွှန်း တမ်းပါ   မျိုးဆက်ပွား ကျန်းမာရေး သင်ခန်းစာပယ်ဖျက်၊ ပြင်ဆင်ရန် ကိစ္စ များနှင့်  ပတ်သက်ပြီး အရေးကြီးအဆိုများ တင်သွင်း ခဲ့ကြောင်း၊ ၎င်းအဆိုများမှာ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးယုတ်စေမည့် ကိစ္စ မျိုးပါလျှင်ထောက်ပြစေလိုကြောင်း၊ ဥက္ကဋ္ဌ ၏သဘောဆန်္ဒ တစ်ခုတည်းနှင့် နည်းဥပဒေ ၁၆၃(ခ)အရ အဆိုတင်သွင်းမှုများကို ခွင့်မပြု ခဲ့သလို နည်းဥပဒေနှင့်မညီသည့် သာမန် အဆိုကို အရေးကြီးအဆို ကဲ့သို့ ခွင့်ပြုခဲ့ခြင်း သည်   ဥပဒေချိုးဖောက်မှုပဲဖြစ်ကြောင်း၊  လွှတ်တော် ဥက္ကဋ္ဌ ဆောင်ရွက် ချက်သည် အဆို တင်သွင်းသူ၊ မေးခွန်းမေးသူ လွှတ်တော် ကိုယ်စားလှယ်၏ပါတီနောက်ခံအရောင် အသွေးကို ကြည့်ပြီး ဆုံးဖြတ် လုပ်ကိုင်ခြင်း ပေါ်လွင်သလို ဥက္ကဋ္ဌ ၏  လုပ်ဆောင်ချက် သမာသမတ်ကျမှုကို မေးခွန်းထုတ်စရာဖြစ်ကြောင်း။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဆောင်ရွက်ချက်များသည် အခြေခံဥပဒေနှင့်မညီညွတ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ကာလမှာ အကြိမ်ကြိမ် ထောက်ပြကန့်ကွက်ခဲ့ပြီးဖြစ်ကြောင်း၊ သို့သော် ဥပဒေကို မျက်ကွယ်ပြုပြီး မဲခွဲဆုံးဖြတ်မှုဖြင့် ဆောင်ရွက် သွား ခဲ့ခြင်းကို အားလုံးသိရှိပြီးဖြစ်ကြောင်း၊ အခုနောက်ဆုံး နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အကျိုးစီးပွားနှင့် တိုက်ရိုက်သက် ဆိုင်သည့်  COVID-19 ကာကွယ်တားဆီးထိန်းချုပ်ရေးကိစ်္စနှင့် ပညာရေးဝန်ကြီးဌာန၏ မျိုးဆက်ပွားကျန်းမာရေး အသိပညာ ပေးမှု ကိစ်္စများမှာ အဆိုတင်သွင်း ခွင့်မရခဲ့ကြောင်း၊ ထိုနေရာမှာ  အလျဉ်းသင့်လို့  Sex Education နှင့်ပတ်သက်ပြီး ဆွေးနွေး ရလျှင် Sex ကိစ်္စက မိဘနှင့်သားသမီး၊ ဆရာ နှင့် ကျောင်းသား၊ ဆရာမနှင့် ကျောင်းသူ တို့အကြား နှစ်ကိုယ်ကြားအနီးကပ် သွန်သင် ဆုံးမခြင်း၊ ဗဟုသုတ ပညာပေးမှုများဖြင့် ဆောင်ရွက်ရခြင်း အစဉ်အလာ တစ်ခုဖြစ်ကြောင်း၊ လိုအပ်လျှင်  ကျောင်းသား များ၊ ကျောင်းသူများ လိုအပ်သလို စုစည်းပြီး ဗဟုသုတ၊ ပညာပေးဟောပြောပွဲများ ပြုလုပ် ပေးရခြင်း ဖြစ်ကြောင်း၊ နိုင်ငံတကာ အတွက်   အဆိုပါသင်ခန်းစာသည် အကျိုးသက် ရောက်မှုရှိပြီး  ကောင်းသော်လည်း မြန်မာ တွင် သင်ခန်းစာကြီး သဖွယ် မြန်မာ့ ဓလေ့နှင့် သိပ်ပြီး မအပ်စပ်လှကြောင်း၊ ကမ်္ဘာ့ စံနှင့် ယှဉ်ထိုးသည့်နေရာတွင် မြန်မာ့ဓလေ့နှင့် မကိုက် ညီခြင်းများကို အတင်း အဓမ္မ သွတ်သွင်းလိုသည့် ဆန်္ဒများပြင်းပြနေလျှင် ကမ်္ဘာ့ ဓလေ့ကို ပျော်မွေ့ကြသူများက အဆိုပါ ကမ်္ဘာတွင် ရွှေ့ပြောင်း နေထိုင် ခြင်းက ကောင်းမည်ဟု အကြံပြုလိုကြောင်း၊ ငယ်ရွယ်နုနယ်ဖြူစင်သည့် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ များကို  အရောင် မဆိုး စေချင်ပါကြောင်း၊ အချိန်မတန်ခင် ပေးလိုက်သည့်အသိက အချိန်မတန်ခင်မှာဘဲ မူလ ရည်မှန်းချက်၊ ရည်ရွယ်ချက် လမ်းကြောင်းပေါ်ကနေ သွေဖည်ပြီး လမ်းမှားရောက်သွားနိုင်ခြင်းကြောင့် စိုးရိမ်ပူပန်မိကြောင်း။

 ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သည် စတင် တာဝန်ထမ်းဆောင်ခဲ့သည့် ၂၀၁၈ ခုနှစ် မတ် ၂၂ ရက်ကနေ အခုချိန်ထိ ပြည်သူ့ လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးများမှာ ပွတ်တိုက်မှုအနည်းဆုံး ဖြစ်အောင်စိတ်ရင်းစေတနာကောင်းနှင့် ဆောင်ရွက်ခဲ့ခြင်းကို လေးစားစွာ အသိအမှတ် ပြုကြောင်း၊သို့သော် လွှတ်တော်ကိုယ်စား လှယ်များက အစိုးရကို ထိန်းကျောင်းသည့် အဆိုများကို  တင်သွင်းခွင့်မပြုခဲ့ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၁(က)၊ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၂၁၊ ပြည်သူ့ လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၆၃(ခ)တို့ကို  ချိုးဖောက်ရာရောက်သည့်အတွက် ဦးစိုင်းထွန်းစိန်တင်သွင်းသည့် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ အား တာဝန်မှရုပ်သိမ်းပေးရန် အဆိုကို ထောက်ခံဆွေးနွေးသည်။

 ထို့နောက်  ပြည်သူ့ လွှတ်တော်အစည်း အဝေးသို့ တက်ရောက်လာကြသူများမှ စက်ခလုတ် အသုံးပြု၍ မဲခွဲဆုံးဖြတ်ရာ ထောက်ခံ ဆန္ဒမဲ ၁၃၂မဲ၊ ကန့်ကွက် ဆန္ဒမဲ ၂၄၃ မဲနှင့်  ကြားနေ ဆန္ဒမဲ  ငါးမဲတို့ အသီးသီး ရလဒ်ထွက်ပေါ်ခဲ့ပြီး ကန့်ကွက်ဆန္ဒမဲ များ သော ကြောင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်အား တာဝန်မှရုပ်သိမ်းရန် အဆိုကို အရေးယူ ဆောင်ရွက်ရန် မရှိကြောင်း သိရသည်။

 အထက်ပါ ကိစ်္စရပ်များ အပြီးတွင် အစည်းအဝေး ဆဋ္ဌမနေ့ကို ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး  အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။

 ကျော်လွင်(မြဝတီ)

 

 

 

  

 

Read 43 times Last modified on Tuesday, 02 June 2020 13:51